အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေ ရပ်တန့်ဖို့ ဂျပန်ဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ကန်ပိန်းပြုလုပ်

အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းတွေ ရပ်တန့်ဖို့ ဂျပန်ဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ကန်ပိန်းပြုလုပ်
ဇန်နဝါရီ ၇ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိနေတဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့အရေး မြန်မာပြည်သူတွေအနေနဲ့ ဂျပန်ဝန်ကြီးချုပ်ထံကို လက်မှတ်ရေးထိုးတောင်းဆိုဖို့အတွက် ကန်ပိန်းကို Justice for Myanmar က ဦးဆောင်ပြီး လုပ်ဆော် နေတယ်လို့ သိရပါတယ်။

Justice for Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ မြန်မာပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေ ရပ် တန့်နိုင်ရေးအတွက် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ဂျပန်စီးပွားရေးလုပ်ငန်းအဆက်အနွယ်တွေကို တားဆီးပေးဖို့အတွက် ဂျပန် အစိုးရထံ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ကိုယ်တိုင်ပါကြဖို့နဲ့ ဂျပန်ဝန်ကြီးထံကို မြန်မာပြည်သူတွေရဲ့ လက်မှတ်ရေးထိုးတောင်း ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် https://bit.ly/31qqzYW လင့်ထဲဝင်ရောက်ပြုလုပ်ဖို့အတွက် ဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုးဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကိုလည်း ဓာတ်ပုံတွေနဲ့တကွဖော်ပြထားပြီးတော့ အဆိုပါလက် မှတ်ရေးထိုးဆောင်ရွက်မှုကို FoE Japan, JVC, Mekong Watch, NAJAT, ayus တို့က ကမကထပြုလုပ်ပြီး လှုံဆော်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လည်း Justice for Myanmar ကဖော်ပြထားပါတယ်။

ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလမှာ အရှိန်မြင့်တက်လာပြီး သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးအတွက် နိုင်ငံတကာချေးငွေ ယန်း ၁,၀၀၀ ဘီလျံနီးပါးအထိ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာလို့လည်း သိရပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ညှင်းပန်းသတ်ဖြတ်နေတဲ့ အကြမ်း ဖက်စစ်တပ်ကို အထောက်အပံ့ ဖြစ်စေတာမျိုး မပြုလုပ်မိစေဖို့ တောင်းဆိုတယ်လို့ JFM က ဆိုထားတာကိုလည်း တွေ့ရပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ Justice for Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ https://www.facebook.com/photo?fbid=246413544300660&set=a.181023284173020 မှာဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.