အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ပြီးလုပ်ရမယ့် မည်သည့်လုပ်ငန်းကိုမှ ခွင့်မပြုဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်
ဇူလိုင် ၂၂ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက ချပေးတဲ့ ဘတ်ဂျက်နဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် မည်သည့်လုပ်ငန်းကိုမှ ခွင့်မပြုဘူးလို့ မင်း တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အကြမ်းဖက်စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောသက်ရောက်တာ၊ လုံခြုံရေးအမြင်အရ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေအထိ လျှို့ဝှက်စိမ့်ဝင်လာနိုင်ခြေရှိတာတွေကို ပြန်လည်စိစစ်သုံးသပ်ပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်ကောင်စီက ချပေးတဲ့ ဘတ်ဂျက်နဲ့ လုပ်ဆောင်မယ့် မည်သည့်လုပ်ငန်း၊ ကုမ္ပဏီကိုမှ လုပ်ဆောင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တာ ပါ။ ဒါအပြင် အခုထုတ်ပြန်ကြေညာချက်က ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်စာအပေါ်မှာ လွှမ်းမိုးပယ်ဖျက်လိုက် တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၉ ရက်စွဲနဲ့ မင်းတပ်မြို့အတွင်း ပြည်သူလူထုရဲ့ အကျိုးကို ထောက်ရှု ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တင်ဒါအောင်တဲ့ ဒေသခံကုမ္ပဏီတွေရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပြုမယ်ဆိုပြီးတော့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။