အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်နေလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ထိပ်တိုက်တိုက်ပွဲတွေဖြစ်ပွား

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်နေလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ထိပ်တိုက်တိုက်ပွဲတွေဖြစ်ပွား
ဇွန် ၂၉ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေထဲ က ပြည်သူတွေကို ကျေးရွာတွေကနေ ထွက်ခွာဖို့ မောင်းထုတ်တာတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ထိပ်တိုက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNU ဗဟိုက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဇွန် ၂၈ ရက် မနက် ၇ နာရီအချိန်မှာ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့ နယ်တွေမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ် ခတ်တာ၊ ကျေးရွာပြည်သူလူထုကို ကျေးရွာတွေကနေ ထွက်ခွာအောင် မောင်းထုတ်တာတွေကြောင့် ဝဲလဗျငသ်းကျေးရွာ အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား ထိပ်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါ တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်က ၃ ယောက်သေပါတယ်။

အဲဒီနေ့ မနက် ၈ နာရီခွဲအချိန်မှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ (၆၀) တပ်ရင်းက ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်ကို ဒရုန်းနဲ့ လက်နက်ကြီး ပစ်ချခဲ့လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သလို စပ်လဲကျေးရွာအနီးက တဲအိမ်တစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇွန် ၂၇ ရက်မှာ မေတ္တာရပ်ကွက်၊ သိမ်တန်းရပ်ကွက်က ပြည်သူတွေက နေရာရွှေ့ ပြောင်းဖို့ အတင်းအကြပ် ဖိအားပေး သတိပေးတာတွေပြုလုပ်ခဲ့သလို ဇွန် ၂၈ ရက်မှာလည်း ရွာကန့်လန့်ကျေးရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်က ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနဲ့ ရွှေသောင်စတဲ့ ကျေးရွာ တွေက ရွာသားတွေကို ကျေးရွာတွေကနေ ထွက်သွားဖို့ မောင်းထုတ်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါအပြင် အဲဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၅ ယောက်သေပါတယ်။

KNU ဗဟိုကတော့ ဇွန် ၂၇ နဲ့ ၂၈ ရက်မှာ ထိပ်တိုက် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ယောက်သေကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဘက်က ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရို်င၊ မုန်းမြို့နယ်ရဲ့ နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနဲ့ ကျောက်ကြီးမြို့နယ်ရဲ့ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊ အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း(အထက်ပိုင်း)၊ မမယမ်း(အောက်ပိုင်း) အစရှိတဲ့ ကျေးရွာပေါင်း(၃၀)မှ လူဦးရေစုစုပေါင်း (၁၆၁၃၇)ဦး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.