အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ KNGနဲ့ ပျူစောထီးတွေကို အရေးယူမယ်လို့ KNDF ကြေညာ

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ KNGနဲ့ ပျူစောထီးတွေကို အရေးယူမယ်လို့ KNDF ကြေညာ

မတ် ၆၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေမှာ လမ်းပြပေးပြီး စစ်ကောင်စီဘက်က တိုက်ခိုက် ပေးနေတဲ့ ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG)နဲ့ ပျူစောထီးတွေကို အရေးယူသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ် အထိ ဖေဖော်ဝါရီလ (၁၅) ရက်က စတင်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ အတွင်း နယ်မြေအနေအထား၊ ဒေသတွင်း အခြေ အနေနဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေကို မိုးဗြဲ အခြေစိုက် ကယားအထူးဒေသ (၁) – ကယန်း အမျိုးသားကာကွယ်ရေးတပ်(KNG) မှ ဦးဆောင်လမ်းပြပေးနေ တဲ့အပြင် KNG ရဲ့ ဦးဆောင်မှုနဲ့ ပျူစောထီးအဖွဲ့တွေကို အကြမ်းဖက် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ KNDFက ထုတ်ပြန်ပါတယ်။

KNG ရဲ့ အဲဒီလို လုပ်ရပ်တွေကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆင်ရေး လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာတွေက ကယန်းလူမျိုးတွေနဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ KNG နဲ့ သူတို့ရဲ့ အပေါင်းအပါ ပျူစောထီးအဖွဲ့တွေ၊ ဆက်စပ်ပတ်သက်သူတွေ အားလုံးကို ထိရောက်စွာ ဒဏ်ခတ် အရေးယူ သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG)ဟာ ကယန်းပြည်သစ်ပါတီက ခွဲထွက်ပြီး ၁၉၉၂မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Add your reaction

  1. ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်)

    .

    ▪️၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့်
    အမျိုးသားညီလာခံ ခေါ် ညောင်နှစ်လိမ် ညီလာခံတွင်
    ပါဝင်ဆွေးနွေး သဘောတူခဲ့ကြသော
    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ( မဲ – ဘဲဥကွဲ )
    =========================
    ရွေး ကောက်ပွဲတွင် ရွေးချယ်ခံထားရသော
    တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ
    မြို့(ခေါ်)ခမိ အမျိုးသားညီညွတ် ရေးအဖွဲ့နှင့်
    တစ်သီးပုဂ္ဂလများ
    နိုင်ငံရေးပါတီများ ( မဲ – ဘဲဥမကွဲ )
    ===================
    ကိုးကန်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီ၊
    တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊
    ပြည်ထောင်စုကရင် အမျိုးသားများအဖွဲ့ချုပ်၊
    ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊
    မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၊
    လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊
    “ဝ”အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီတို့မှကိုယ်စားလှယ်များ၊
    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ
    ========================
    ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ အစည်းများဖြစ်ကြသည့်
    ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် – MNDAA)
    ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( “ဝ” UWSP / UWSA )
    ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့)
    ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA – မိုင်းလား )
    ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး )
    ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် – PNO / PNA)
    ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် – PLSP)
    ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း – ပန်ဝါ NDA- K)
    ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA)
    ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်)
    ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF )
    ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP – ဘီစီကုန်း)
    ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊
    ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊
    ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊
    ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊
    မွန်ပြည်သစ်ပါတီ (NMSP/ MNLA)
    တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊
    ဟောင်သရော အထူးဒေသအဖွဲ့၊
    လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်
    ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊
    ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)
    ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊
    ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊
    ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့
    မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊
    မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊
    မွန်(ခွဲထွက်) – နိုင်စိုက်ချမ်းအဖွဲ့နှင့်
    ရခိုင်တပ်မတော် – (အေအေ)အဖွဲ့တို့မှ
    ညီလာခံကိုယ်စား လှယ်များ တက်ရောက်ကြသည်။
    ( ညောင်နှစ်လိမ် မတက်တဲ့ NLD၊ KNU နဲ့ RCSS/SSA ကို ရန်သူလို့ သတ်မှတ်ကာ အပုပ်ချထား)
    —— —— ——
    အပိုင်း (၁+၂+၃) အပြည့်အစုံ + သတင်းစာများ 👉 https://www.facebook.com/109512227330698/posts/430154145266503/
    ဗီဒီယို 👉 https://fb.watch/aKt2p0fJjT/

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.