အကြမ်းဖက်စစ်ကောင်စီက နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးအားလုံး အဖွဲ့အစည်းအားလုံးကို ရန်သူလို့သဘောထားနေတယ်လို့ KNU ပြောကြား

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးအားလုံး အဖွဲ့အစည်းအားလုံးကို ရန်သူလို့သဘောထားနေတယ်လို့ KNU ပြောကြား
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးအားလုံး အဖွဲ့အစည်းအားလုံးကို ရန်သူလိုသဘောထားပြီး ပြုမူဆက် ဆံနေတဲ့အတွက် လူမျိုးတွေ အဖွဲ့အစည်းတွေအနေနဲ ဘာလုပ်ရမလဲဆိုတာကို သေချာပိုင်းခြားဖို့လိုနေပြီဆိုပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)ရဲ့ ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး ကပြောကြားလိုက်ပါတယ်။

“ကရင်အဖွဲ့အစည်းတွေသာမကဘူး ကျွန်တော်ပြောချင်တာက နိုင်ငံအတွင်းမှာ ဒီတိုင်းပြည်ထဲမှာ ရှိတဲ့ လူမျိုးအားလုံး အဖွဲ့အားလုံး ပေါ့ ဘယ်အဖွဲ့အစည်း ဘယ်လူမျိုးမဆို အခုဟာက သူတို့က ရန်သူလို သဘောထားနေတဲ့ အနေအထား ရောက်နေတဲ့အခါကျတော့ ဒါက ကိုယ့်ကိုယ်ကိုယ် သိဖို့တော့ သင့်ပြီ။ စစ်ကောင်စီက ကိုယ့်ကိုယ် ရန်သူလို့ပဲ သတ်မှတ်ပြီးတော့ လုပ်နေတဲ့ အပြုအမူက နေ့တိုင်း နေ့တိုင်း ပိုပိုပြီး ထင်ရှားလာတဲ့ အခါကျတော့ ကိုယ်ဘာလုပ်သင့်လဲဆိုတာ သေချာပိုင်းခြားထားဖို့ လိုတယ်” လို့ ပဒိုစောတာနီးက လူထုနွေဦး သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို အခုလိုဖြေကြားခဲ့တာပါ။

ကရင်အဖွဲ့အစည်းမှ မဟုတ်ဘဲ လူမျိုးအသီးသီးက ဘုံရန်သူဘယ်သူလဲဆိုတာကို ဒီအခြေအနေမှာ မခွဲခြားတပ်သေးတာက တော် တော်လေး စဉ်းစားရကြပ်တဲ့ အနေအထားတစ်ခုလို့လည်း မှတ်ချက်ပြုထားပါတယ်။

ကရင်ပြည်နယ်က BGF တပ်ဖွဲ့တွေ အပါအဝင် အကြမ်းဖက်စစ်တပ်လက်အောက်မှာရှိနေတဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပတ်သက် ပြီးတော့လည်း အခုလို မှတ်ချက်ပေးထားပါသေးတယ်။

“အထူးသဖြင့် စစ်ကောင်စီရဲ့ နောက်မှာ လိုက်ပါနေတဲ့ အဖွဲ့အစည်းတွေကလည်း ရှိပါသေးတယ်။ အဲဒါတွေကလည်း ဒီအချိန်ဒီအခါမှာ တော်တော်လေး စဉ်းစားသင့်တဲ့ အချိန်အခါ ရောက်နေပြီလို့ ဒါပဲပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးဟာ အဖြူအမဲက မကွဲလို့မရတဲ့ အခြေအနေမျိုးဖြစ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကာလ တစ်ခုအားဖြင့်တော့ အဖြူအမဲ မကွဲဘဲ အညိုရောင်သန်းနေတဲ့ အနေအထားမျိုး လိုက်ပါသင့်တယ်ဆိုတာ လက်ခံနိုင်တဲ့အနေအထား ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးမှာ မရှိသင့်တော့ဘူးလို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ အဖွဲ့အစည်းအားလုံး လူအားလုံးဟာ စစ်ကောင်စီက ကိုယ့်ကိုယ် ရန်သူတစ်ယောက်လို့ သတ်မှတ်နေတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့ အချိန်ရောက်နေပါပြီလို့ ဒါပဲပြောချင်ပါတယ်။” လို့ ပဒိုစောတာနီးက ပြောကြားထားပါတယ်။

KNU တပ်မဟာ ၅ နယ်မြေကလည်း မနေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်ထဲမှာတော့ ကရင်နယ် ခြားစောင့်တပ်ကို ဇန်နဝါရီ ၁၅ ရက်ကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရောရောနှောနှောမနေဖို့နဲ့ မလိုက်နာဘူးဆို ရင် တပ်မဟာ ၅ နယ်မြေအတွင်းမှာတွေ့တဲ့ BGF တွေကို တိုက်ပွဲဖော်ဆောင်မယ်လို့ ပြောကြားထားပါတယ်။

ကရင်နီပြည်မှာ ဒီဇင်ဘာလ ၂၄ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို မသတ်ဖို့ သွားရောက်တားဆီးခဲ့တဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်တာ တွေပြုလုပ်ထားပါတယ်။

ကရင်ပြည်နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DKBA တပ်ဖွဲ့အကြား ပလဲနံသင့်တဲ့ ဆက်ဆံရေးတွေရှိနေပေမယ့်လည်း DKBA တပ်စခန်းကို မနေ့က မနက်ကစပြီးတော့ လက်နက်အင်အား လူအင်အားအလုံးအရင်းအပြင် လက် နက်ကြီးတွေပါ အသုံးပြုပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေ့ တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.