အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ရဲ့ နေအိမ်ကို ဒီမနက်မှာ ချိတ်ပိတ်မှုပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ရဲ့ နေအိမ်ကို ဒီမနက်မှာ ချိတ်ပိတ်မှုပြုလုပ်ခဲ့
မတ် ၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီက သတင်းဓာတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာ စစ်ဆေးနေစဉ် အတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ဓာတ်ပုံသတင်း ထောက် ကိုစိုးနိုင်ရဲ့ နေအိမ်ကို ဒီမနက်မှာပဲ ချိတ်ပိတ်မှုပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။

ချိတ်ပိတ်တဲ့အကြောင်းရာကို မသိရပေမယ့် ဒီမနက်မှာပဲ အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်၊ ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းထဲက ကိုစိုးနိုင်ရဲ့နေအိမ် တိုက်အမှတ် ၂ ရဲ့ ၃ လွှာကို လာရောက်ပြီး တော့ ချိတ်ပိတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာ ဓာတ်ပုံ မှတ်တမ်းယူနေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ စစ်ကြောရေးမှာ စစ်ဆေးနေစဉ်အချိန်မှာပဲ သေဆုံးခဲ့ရသူပါ။

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်တို့ ကျန်ရှိခဲ့တာလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.