အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ် တိုက်ပွဲအတွင်း လက်နက်အင်အား လူအင်အား ဖြည့်နေတယ်လို့ ဒေသခံများပြော

အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ် တိုက်ပွဲအတွင်း လက်နက်အင်အား လူအင်အား ဖြည့်နေတယ်လို့ ဒေသခံများပြော
ဇန်နဝါရီ ၈ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲအရှိန်ကိုမြှင့်ဖို့အတွက် လက်နက်အင်အားနဲ့ လူအင်အားကို အလုံးအရင်းဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီမနက်မှာပဲ အကြမ်းဖက်စစ်တပ်က တောင်ကြီးမြို့မစျေးကနေ အေးသာယာဘက်ကို စစ်ကားအကြီး ၂၇ စီးနဲ့ တစ်စီးချင်းပေါ်မှာ အကြမ်းဖက်စစ်သား ၁၅ ယောက်လောက်အနည်းဆုံးပါတယ်ဆိုတာနဲ့ စစ်ကားတွေပေါ်မှာလည်း လက်နက်သေတ္တာတွေ အများအပြားတင်ဆောင်ထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့ အရပ်သားသေဆုံးမှုတွေလည်းရှိထားတာပါ။

KNDF B-09 ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာတော့ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခန့်လောက်ကစပြီး KNDF B-09 နဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ မွန်းလွဲပိုင်းမှာ တိုက်ပွဲခဏရပ်ထားချိန်မှာတော့ အကြမ်းဖက်စစ် တပ်က ဒေါပိုးစီ | ငါးမိုင် ရွာအတွင်းရှိ့ လူနေအိမ် အချို့ကိုမီးရှိ့ဖျက်စီးမှု့များပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မွန်းလွဲ ၃ နာရီ၄၀ မိနစ်ခန့်လောက်မှာတော့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲသုံး ရဟတ်ယာဉ်အသုံးပြုပြီးတော့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ဒေါပိုးစီ ဘုန်းကြီးကျောင်းမှာ တင့်ကားတွေရော လူတွေပါ တပ်ဆွဲထား တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေါပိုးစီ| ငါးမိုင်| ခြောက်မိုင် အတွင်းမီးရှို့မှုကြောင့် လူနေအိမ် ၁၈ လုံးလောက်အထိ ပျက်စီးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Karenni Nationalities Defense Force KNDF B-09 ကတော့တိုက်ပွဲသတင်းတွေကို အချိန်မီသတင်းထုတ်ပြန်ပေးသွားမှာဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.