အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုချင်လို့ ဗြိတိန်သံအမတ်က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မယ်လို့ အသိပေးလိုက်
ဇူလိုင် ၁၃ ၊ ၂၀၂၂
တရားမဝင် အာဏာသိမ်းထားပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြု ချင်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဖြစ်သူ Pete Vowles က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မယ်လို့ တွစ်တာမှာရေးသားပြီး အသိပေးလိုက်ပါတယ်။
ဗြိတိန်သံအမတ်ကြီးဖြစ်သူ Pete Vowles က သံအမတ်ခန့်အပ်လွှာကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေးအပ်ခြင်းမရှိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးမှုတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ ဆိုထား ပါတယ်။
“ဒီနေ့မှာပဲ မြန်မာနိုင်ငံက ကျွန်တော့်အချိန်တွေ အဆင်မပြေဘဲ အဆုံး သတ်ပါပြီ။ စစ်ကောင်စီက ပြန်လည်ထွက်ခွာဖို့ ဖိအားပေးတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူမဆန်တဲ့ အာဏာ သိမ်းမှုကို တရားဝင်မှုပေးဖို့ ဖိအားပေးတာကိုတော့ ကျွန်တော်တို့ အလျှော့မပေးခဲ့ပါဘူး”လို့ သံအမတ်ကြီး Pete Vowles က တွစ်တာမှာ ရေးသား ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွင်း ငြိမ်း ချမ်းရေး၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေအတွက် ရည်တည်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာလုယူခဲ့ချိန်ကစပြီးတော့ တစ်နှစ်ကျော်လာချိန်အထိ အကြမ်း ဖက်စစ်ကောင်စီကို နိုင်ငံ တကာက တရားဝင်အသိအမှတ်ပြုမှု မပေးထားသေးပါဘူး။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။