အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂညီလာခံမှာ ဆန့်ကျင်ခဲ့တာ တစ်နှစ်ပြည့်အဖြစ် ဦးကျော်မိုးထွန်းကို နယူးယောက်က မြန်မာတွေက ဂုဏ်ပြခဲ့ကြ

အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂညီလာခံမှာ ဆန့်ကျင်ခဲ့တာ တစ်နှစ်ပြည့်အဖြစ် ဦးကျော်မိုးထွန်းကို နယူးယောက်က မြန်မာတွေက ဂုဏ်ပြခဲ့ကြ
ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆန့်ကျင်ခဲ့တာ တစ်နှစ်ပြည့် အဖြစ်နဲ့ နယူးယောက်က မြန်မာတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ ရုံးရှေ့ကိုသွားပြီးတော့ ဒီနေ့မှာ ဂုဏ်ပြုခဲ့ ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားလုယူခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့နှစ် ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အစည်းအဝေးအတွင်း လက်သုံးချောင်းထောင် ပြီးတော့အာဏာသိမ်းကို ကမ္ဘာ့အလယ်မှာ ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

လူမူကွန်ရက်တွေမှာလည်း သံအမတ်ကြီးရဲ့ လက်သုံးချောင်ထောင်ပြီး ကမ္ဘာအလယ်မှာ အကြမ်းဖက်အုပ်စုကို ကန့်ကွက်တဲ့နေ့ဆိုပြီး မျှဝေမှုတွေ လုပ်နေတာတွေ့ရပါတယ်။

နယူးယောက်က မြန်မာတွေကတော့ သံအမတ်ကြီးရဲ့ ရုံးခန်းကိုသွားရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစာတွေ ပေးအပ်ခဲ့ကြသလို သံအမတ်ကြီးကလည်း ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

စည်းလုံးခြင်းက အင်အား၊ ပြည်သူသာ အဓိက ဖြစ်တဲ့အတွက် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ရေး ပြည်သူ့အင်အား၊ ပြည်သူ့စည်းလုံးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မေတ္တာရပ်ခံပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းလုပ်ရပ်ကို နိုင်ငံတကာစာမျက် နှာမှာ လူသိရှင်ကြားအဖြစ်နဲ့ ကန့်ကွက်ခဲ့တဲ့ ပထမဆုံးလို့လည်း မှတ်ချက်ပြုထားခဲ့ကြတာလည်းဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.