အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ ဆက်လက်ဖိအားပေးဖို့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ် ကြီးပြော

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ ဆက်လက်ဖိအားပေးဖို့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ် ကြီးပြော
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂

မြနမာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ ဆက်လက်ဖိအားပေးရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမှတ်ကြီး Linda Thomas-Greenfield နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer တို့က အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြပြီးတော့ အခုလိုပြော ကြားလိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဆီယံမှာသဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ ဘေး ကင်းလုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဝင်ခွင့်ပြုရေးတို့အတွက်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer ကလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေအကြမ်း ဖက်မှုတွေအပေါ်မှာ အလွန်ကိုစိုးရိမ်နေကြောင်းလည်း ပြောကြားထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ Dr. Noeleen Heyzer ကို ခန့်အပ်တာဝန်ပေး ထားပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီက ယခုချိန်ထိ မြန်မာနိုင်ငံအတွင်း ဝင်ခွင့်မပြုထားသေးတာကိုလည်း တွေ့ရပါ တယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.