အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးကြောင်း ကုလအထွေထွေညီလာခံဆုံးဖြတ်၊ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိ

အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးကြောင်း ကုလအထွေထွေညီလာခံဆုံးဖြတ်၊ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိ
၇ ဒီဇင်ဘာလ ၂၀၂၁

ကုလသမဂ္ဂမှာ မြန်မာစစ်ကောင်စီနဲ့ တာလီဘန်တို့ရဲ့ ကိုယ်စားပြုခွင့်ကို ရွှေ့ဆိုင်းထားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကုလအထွေထွေညီလာခံရဲ့ အဲဒီဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို လက်ရှိကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဖဂန်နစ္စတန်ရဲ့ လက်ရှိသံအမတ်ကြီး Ghulam M. Isaczai တို့က ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကုလအထွေထွေညီလာခံဟာ အရည်အချင်းစစ်ကော်မတီ(Credentials Committee)ရဲ့ အဆိုပြုချက်ကို မဲမခွဲဘဲ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

#SpringRevolution
#PVTVNews
#PVTV

Add your reaction

  1. စကစကို အသိအမှတ်မပြုတာ​တော့ မအံ့​သြော်ဘူး
    ပြည်သူ့အစိုးရကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြု​သေးတာကိုပဲ
    ဒီ နိုင်ငံတကာ ဆိုတာကြီးကို
    ပို အသည်း​ပေါက်တယ်..
    ​စောက်သုံး မကျတဲ့ UN နဲ့ လူ့အခွင့်အ​ရေးနိုင်ငံ​တွေ

  2. ပြည်သူချစ်တဲ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားလေးစားပါတယ်

  3. UN ကလူစစ်စစ်တွေကိုပဲလက်ခံတဲ့အဖွဲ့အစည်းကြီးတဲ့၊ မအလ သင်ပေးလိုက်တဲ့အတိုင်း စာရွက်ကြီးကိုင်ပြီး ထ,ထ မဟောင်နဲ့ မဲလုံးရေ၊ကိုယ်တိုင်လည်းနဲနဲပါးပါးလေ့လာအုံး၊

  4. ဒါဘဲလေ last minuteမှာတောင်လူတွေကိုကားနဲ့တိုက်သတ်တဲ့လူတွေကိုအသိအမှတ်ပြုစရာလားခအုပ်စုကို

  5. Congratulations 🎊🎉🎈🍾 ပါသံအမတ်ကြီးဦးကျော်မိုးထွန်းခင်ဗျာ
    ကျန်းမာချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်းတောင်းဆုပြုပါတယ်ခင်ဗျာ…

  6. ပထမဦးဆုံးပြညိသူအောငိပွဲနှငိ့အတူပြညိတေိာသိမိးအောငိပွဲ
    အမေနှငိ့သမတကြီးဦးတို့ကို
    ပြနိပြီးနနိးတကိပွဲလေးကိုတို့ကြပညိသူတွကြညိဖြူလကိတွဲ့ ဆငိနွဲကြပာစို့

  7. ကျေးဇူးတင်ပါတယ် ဘောမမဟုတ်တဲ့ပြည်သူတွေတင်မြောက်တဲ့ပြည်သူ့အစိုးရသာငါတို့အစိုးရဖြစ်ရမည်

  8. နားလှည့်ပါးချအစီအစဥ်ကြီး ပျတ်သားမှူ့မရှိဘူး ဟိုဘတ်ခြေတစ်ချောင်းဒီဘတ်ချေတစ်ချောင်းချပြီးသာမယ့်ဘတ်လိုက်မှာ ဦးကျော်မိုးထွန်းကိုထားတာကလဲကုလစည်းကမ်းအရအရင်အစိုးရခန့်ထားသူမို့ပါ ဘာတွေများ ရမ်းသဘောကျနေကြပါလိပ့် .ပြည်သူတွေသတိရှိကြပါ

  9. NUG,CRPHနှင့်သံအမတ်ကြီးတို့အားလုံးယုံကြည်အားပေးထောက်ခံလျက်ပါ။အောင်ပွဲအမြန်ဆောင်ယူပေးနိုင်ကြပါစေ။

  10. အာ့ဒီလူကြီးပေါ့ ပြည်သူတွေရဲ့မျှော်လင့်မထားမိတဲ့မျှော်လင့်ချက်တွေကိုယူဆောင်လာသူကြီးလေ

  11. ဟိုဘက်ကမအလကိုကမ်ဘောလီးယားကလက်ခံလိုပျော်နေကြတာ

  12. တတိယ စစ်ပွဲ
    ကုလ က အချောင်ခိုတာ များနေပြီ။
    ပထမ ကမ္ဘာစစ်တုန်းကလည်း နိုင်ငံစုံ အဖွဲ့ ပြိုကွဲသွားခဲ့တာ ခုလိုအချောင်ခိုခဲ့လိုပဲ။
    ကုလဟာ တတိယ World စစ်ပွဲဖြစ်လာဖို့ သမိုင်းတရားခံ ဖြစ်လာနိုင်တယ်။
    တတိယ စစ်ပွဲဖြစ်ခဲ့လိုရှိရင် ငပွကြီးနဲ့ အာဏာရှင် တိုင်းပြည်ကတဖက် EU နဲ့ မဟာမိတ်က တဖက်ဖြစ်ကြမှာပဲ။
    ငဂျိုးက ထိုင်ပြီး အမြတ်ထုတ်ပြလိမ့်မယ်။ မြင်ယောင်သေးတယ်။
    လူအများကြီး မသေပဲ ပွဲပီးသွားနိုင်တယ်။
    တတိယ စစ်ပွဲပြီးရင် ကုလ ဟာ US မှရှိချင်မှရှိတော့မှာပဲ။ နော်ဝေ ဆွီဒင်လို မျိုးမှာ ထပ်ရှိနိုင်တယ်။ US ဟာ ဆိုဗီယက်နောက်ကို လိုက်သွားနိုင်တယ်။ ခုလို ကြောင်ချီးတွေ အချောင်ခိုတွေ များရင် မလွယ်ဘူး။

  13. ဒီလောက်သတ်ဖြတ်သောင်းကျန်းနေတာကြီးကိုအသိအမှတ်ပြုရင်အဲဒီUNဆိုတာကြီးဘာဖြစ်သွားမယ်ထင်သလဲ။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.