အကြမ်းဖက်စစ်ကောင်စီကပြန်ဖွင့်မယ့် အရည်အချင်းမပြည့်မီတဲ့ တက္ကသိုလ်အတန်းတွေကို ဆက် လက်သပိတ်မှောက်ကြဖို့ ကွန်ပျုတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်က တိုက်တွန်း
မေ ၁ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီကပြန်ဖွင့်မယ့် အရည်အချင်းမပြည့်မီတဲ့ တက္ကသိုလ်အတန်းတွေကို ဆက် လက်သ ပိတ်မှောက်ကြဖို့ ကွန်ပျုတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်က မေ ၁ ရက်မှာကြေညာ ချက် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“အဓိကကတော့ အခု မေလမှာ စစ်ကောင်စီကပြန်ဖွင့်မယ့် အရည်အချင်းမပြည့်မီတဲ့ တက္ကသိုလ်အ တန်းတွေ ကို ဆက်လက်သပိတ်မှောက်ကြဖို့ တိုက်တွန်းချက်ပါ။ မနေ့ညက ကျနော်တို့ကွန်ရက်က စီစဉ်ခဲ့တဲ့ “တော် လှန်ရေးထဲကပညာရေး သို့မဟုတ် အရည်အချင်းပြည့်မီသောပညာရေးစနစ်ဆီသို့” ဆိုတဲ့ခေါင်းစဉ်နဲ့ Live Talk Show နဲ့အတူ တိုက်တွန်းကြေညာချက်ကိုထုတ်တာပါ” လို့ ကွန်ပျုတာတက္ကသိူလ်ကျောင်းသား သမဂ္ဂများကွန်ရက်က တာဝန်ရှိသူတစ်ဦးက PVTV ကိုပြောပါတယ်။
ကွန်ပျုတာတက္ကသိူလ်ကျောင်းသားသမဂ္ဂများကွန်ရက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်/ ကွန်ပျုတာနဲ့နှီးနွယ်တဲ့တက္ကသိုလ် (၂၈) ကျောင်းက သမဂ္ဂကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်အားစုဖြစ် ပြီး လက်ရှိအချိန်မှာ ကြားကာလပညာရေးဖော်ဆောင်ခြင်း၊ မြေပေါ်မြေအောက်ရဲဘော်တွေအတွက်လိုအပ် တဲ့ နည်းပညာပိုင်းဆိုင်ရာအထောက်အကူတွေကူညီပေးခြင်း စသဖြင့် တော်လှန်ရေးရဲ့ ကဏ္ဍအမျိုးမျိုးမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်လို့လည်းသိရပါတယ်။
ပညာရေးစနစ်နဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က ကျောင်းသားလူငယ်များအပေါ်မှာ နိုင်ငံရေးမှာ မပါဝင်နိုင် ဖို့အတွက် မတရားတဲ့နည်း လမ်းပေါင်းစုံသုံးကာ မျက်စိပိတ်၊နားပိတ်ဖြစ်စေခဲ့ကြောင်း ခေတ်အဆက်ဆက်အ မှောင် ချပြီး စစ်တပ်ကသာ ကယ်တင်ရှင်ဖြစ်ကြောင်း သူတော်ကောင်းယောင်ဆောင်ပြီး နိုင်ငံရေးအမြတ်ထုတ် လက်ဝါးကြီးအုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ် အုပ်စုရဲ့ စီမံခန့်ခွဲမှု စနစ်တကျမရှိတဲ့ ပညာရေးစနစ်မှာ ကျောင်းသား၊ကျောင်းသူလူငယ်တွေရဲ့ ဘဝကို ပေးဆပ်ရဖို့မှာ မထိုက်တန်ကြောင်း ခေတ်ရေစီးကြောင်းအရ ကျောင်းသားလူငယ်တွေရဲ့ ပညာသင် ကြားရေး နည်းလမ်းပေါင်းများစွာရှိနေပြီး အဲဒီနည်းလမ်းတွေကိုအသုံးပြုကာ အကြမ်းဖက်စစ်တပ်ကိုလည်း လက်မခံဘဲတော်လှန်ကာ သမိုင်းတရားခံမဖြစ်စေဖို့ လေ့လာသင်ယူရင်း ခေတ်အဆက်ဆက် မပြီးပြည့်စုံခဲ့တဲ့ ပညာရေးစနစ်ကို ပြောင်းလဲဖို့ အခါအခွင့်သင့်နေပြီလို့ ဟုမှတ်ယူကာ တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ ရှိကြဖို့ တိုက်တွန်းထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူကြီနိုင်ပြီဖြစ်ပါတယ်။