အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွေးရူးသွေးတန်းပြော စကားတွေက လက်တွေ့မကျလို့ ဆွေးနွေးရေးအ တွက် စဉ်းစားစရာတောင် မလိုဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
ဇူလိုင် ၉ ၊ ၂၀၂၂
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံအထူးကိုယ်စား လှယ်နဲ့ တွေ့ဆုံတဲ့အခါမှာ အတိုက်အခံတွေနဲ့ ဆွေးနွေးရင် လိုက်နာရမယ့် အချက် ၃ ချက်က သွေးရူးသွေးတန်းပြောစကားသာတွေသာ ဖြစ်တဲ့အတွက်ကြောင့် လက် တွေ့မကျလို့ ဆွေးနွေးရေးအတွက် စဉ်းစားစရာတောင်မလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
“သူလျှောက်ပြီးတော့ သွေးရူးသွေး တန်းနဲ့ ပြောနေတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက်ကြောင့် ဒီအခြေခံအချက် တွေက လက်တွေ့မကျဘူးဆိုတော့ လက်တွေ့မကျမှတော့ ကျွန်မတို့က ဘာမှ စဉ်းစားစရာမလိုပါဘူး” လို့ People’s Spring သတင်းဌာနရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက် တာပါ။
ဒါအပြင် မင်းအောင်လှိုင်ရဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးမယ်နေရာမှာ ကြိုတင်သတ်မှတ်ထားတဲ့ အချက် ၃ ချက်က လက်တွေ့မကျဘူးလို့လည်း ထောက်ပြထားပါတယ်။
“သူဟာ ဥပဒေကိုချိုးဖောက်ထားတဲ့ အာဏာသိမ်းတဲ့စစ်ခေါင်းဆောင် တစ်ယောက်သာဖြစ်နေတာပေါ့။ ဒါကြောင့် ဒီအပေါ်မှာ သူ စိတ်မလုံမခြုံဖြစ်ပြီး အစိုးရကို ဖြုတ် ချဖို့ မကြိုးစားရဘူးဆိုတဲ့ အချက်အလက်တွေကို precondition အနေနဲ့တောင်းဆိုလာတာ ဖြစ် တယ်။ ဒီတောင်းဆိုချက်တွေအကုန်လုံးက လက်တွေ့ကျတဲ့၊ နိုင်ငံရေးအရ အဖြေရှာလိုတဲ့ တောင်းဆိုချက်တွေ မဟုတ်ဘဲနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြောက်တရားအပေါ် အခြေခံထားတဲ့ လက်တွေ့မကျတဲ့ အချက်အလက်တွေလို့ ကျွန်မအနေနဲ့ မြင်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားတာပါ။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားတဲ့အထဲမှာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံမယ်ဆိုတဲ့အချက်ထည့် သွင်းထားပြီး ၂၀၀၈ အခြေခံဥပဒေက အာဏာသိမ်းတဲ့အချိန်ကတည်းက ပျက်သိမ်းသွားပြီဖြစ်လို့ လက်ခံနိုင်ဖွယ်မရှိတဲ့ အခင်းအကျင်းတွေဖြစ်တယ်ဆိုပြီးတော့လည်း ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေက ထောက်ပြနေကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်ကတော့ မင်းအောင်လှိုင်က နိုင်ငံတော်ကို သစ္စာ ဖောက်သူ၊ နိုင်ငံတော်ကို သစ္စာဖောက်မှု ကျူးလွန်ထားသူအဖြစ် ပြောကြားထားတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။