အကျဉ်းထောင်အတွင်းမှာ ကျန်ရှိသေးတဲ့ အနပညာရှင်တွေကို လွှတ်ပေးဖို့ ပရိသတ်တွေတောင်းဆို
မတ် ၃ ၊ ၂၀၂၂
နာမည်ကြီး အနုပညာရှင်အချို့ကို အကြမ်းဖက်စစ်ကောင်စီက မနေ့က လွှတ်ပေးခဲ့ပေမယ့်လည်း အကျဉ်းထောင် ထဲမှာ ကျန်ရှိနေသေးတဲ့ အနုပညာရှင်တွေကို လွှတ်ပေးဖို့အရေး ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အနုပညာရှင် အများအပြားကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တော့ မတ် ၂ ရက်မှာ နာမည်ကျောအနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့တဲ့ ဒါရိုက်တာဝိုင်းတို့ကို ပြန်လွှတ်ပေးခဲ့တာပါ။
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ရက်ဂေး အဆိုတော် စောဖိုးခွားတို့ပြန်လည် လွတ်မြောက်ခြင်းမရှိသေးသလို တော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ သရုပ်ဆောင်ရဲတိုက်အပါအဝင် အနုပညာရှင်တွေဖြစ်တဲ့ ဟာသသရုပ်ဆောင် ဆင်မ၊ အဆိုတော် အီတိုး၊ သရုပ် ဆောင် ပိုပို၊ အလှအပရေးရာ ကျွမ်းကျင်သူ ဝင်းမင်းသန်းတို့ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေဆဲပါ။
ကျန်ရှိတဲ့ အနုပညာရှင်တွေကိုလည်း လွတ်ငြိမ်းနဲ့ လွှတ်ပေးဖို့အရေး ပရိသတ်တွေရော အနုပညာရှင်တွေကပါ တောင်းဆိုနေကြတာကိုလည်း တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။