အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်တာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်ဖွယ်မရှိဘူးလို့ Save the Children သတင်းထုတ်ပြန်

အကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်တာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်ဖွယ်မရှိဘူးလို့ Save the Children သတင်းထုတ်ပြန်
ဒီဇင်ဘာ ၂၅၊ ၂၀၂၁

လူသားချင်းဆိုင်ရာ အကူအညီတွေပေးနေတဲ့ Save the Children ဝန်ထမ်းနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက တိုက်ခိုက်တာဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ Save the Children ရဲ့ အမှုဆောင်အရာရှိချုပ် Inger Ashing ကပြောကြားလိုက်ပါတယ်။

”အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။” လို့ Save the Children ရဲ့ အမှုဆောင်အရာရှိချုပ် Inger Ashing ကပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်မှာ မြန်မာစစ်တပ်က အကြမ်းဖက်ပြီး အမျိုးသမီးများ၊ ကလေးများအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေနဲ့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အဲဒီဖြစ်စဉ်အတွင်းမှာပဲ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးက အားလပ်ရက် အိမ်ပြန်နေချိန်မှာ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ကြုံ တွေ့ခဲ့ရပြီးတော့ လက်ရှိအချိန်မှာပျောက်ဆုံးနေတယ်လို့ Save the Children ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Save the Children အနေနဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အလွန်စိုးရိမ်နေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေတဲ့ အဲဒီအကြမ်းဖက်လုပ်ရပ်ကို Save the Children အနေနဲ့ ပြင်းထန်စွာရှုတ်ချတယ်ဆိုပြီးတော့လည်း Inger Ashing ကပြောကြားထားပါတယ်။

Save the Children အနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်က စတင်ပြီးတော့ ကျန်းမာရေး၊ အာဟာရ၊ ပညာရေးနဲ့ ကလေးသူ ငယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွေကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နဲ့ ဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို အသုံးပြုပြီး လုပ်ကိုင်နေတာပါ။

လက်ရှိဖြစ်စဉ်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နဲ့ ကရင်ပြည်နယ်ရှိ စီမံကိန်းတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း တိုက်ပွဲအကြပ်အတည်းကာလမှာတော့ ကလေးသူငယ်တွေအတွက် အကူအညီပေးရေး ကတိကဝတ် တွေကို ဆက်လက်စောင့်ထိန်း လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင်ပြည်သူ ၃၅ ဦးကို သတ်ဖြတ်ပြီး မော်တော်ယာဉ်နှင့်အတူ မီးရှို့ထားပုံ
#SpringRevolution
#PVTV
#PVTVNews



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.