ဟားငါးကောင် ရဲ့ ဟဒယသပိတ် တော်လှန်ရေးအငြိမ့် – အပိုင်း (၁)


ဟားငါးကောင် ရဲ့ ဟဒယသပိတ် တော်လှန်ရေးအငြိမ့် – အပိုင်း (၁) –

ဟားငါးကောင် ညီနောင်များရဲ့ “ဟဒယသပိတ် တော်လှန်ရေးအငြိမ့် – အပိုင်း (၁)” ဖြစ်ပါတယ်။ နောက်ထပ်လဲ အပိုင်း(၂) ၊ အပိုင်း(၃) စသဖြင့် ထပ်မံဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
PVTV ရဲ့ အစီအစဉ်တွေကို စောင့်မျှော်နားဆင်နိုင်ဖို့ PVTV ရဲ့ လူမှုကွန်ယက်စာမျက်နှာ www.facebook.com/pvtvmyanmar ကို Like လုပ်ထားဖို့နဲ့ Youtube စာမျက်နှာဖြစ်တဲ့ www.youtube.com/c/pvtvmyanmar ကို Subscribe လုပ်ထားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Like – 279K Share – 95762

Public Voice Television Facebook

Add your reaction

  1. Mizzima နဲ့ DVB မှာမလွှင့်ဘူးလား TV ​ကနေကြည့်ချင်လို့ပါ

  2. အနုပညာသမားဆိုတာ ဒါမျိုးကို ခေါ်တာ
    ရောက်ရာနေရာမှာ ကျရာတာဝန်ကို အနုပညာချပြနိုင်တယ်။

    တစ်ချိန်က စင်အမြင့်ကြီးနဲ့.အခုတော့ မြေပြင်မှာ
    နေရာမလိုဖူး
    အချိန်ခါမလိုဖူး

    လေးစားပါတယ် အစ်ကိုတို့

  3. သူတို့တွေ အဆင်မပြေတဲ့နေရာမှာရောက်နေတာတောင် ပြည်သူတွေကိုပျော်ရွှင်ဖို့တွေးပေးကြတယ် မအလ နဲ့စိတ်ဓာတ်က တခြားစီပဲ

  4. ခန်းနားလှတဲ့ ဇတ်ခုံ
    အရေးတော့ပုံ အောင်တော့မည်💪

  5. အနုပညာသမားကိုဘဲဖမ်းလို့ရမယ်
    အနုပညာကိုတော့ အကျဉ်းချလို့မရဘူးကွ။
    ဘေးကင်းပါစေ ပြည်သူလူရွင်တော်ဟားငါးကောင် ညီအကိုများ။

  6. နိုင်ငံရေးက အကုန်ဆက်နွယ်နေတာ ခါးစည်းခံရမှာလဲ ပြည်သူထဲကပြည်သူပါပဲ အနုပညာကနေပါဝင် အားဖြည့်တဲ့အတွက် အတိုင်းမသိပါ ဝမ်းသာတယ်
    တဖက်ကကြည့်ရင်လဲ ရင်နာစရာအပြည့်ပေါ့
    ညီအကိုတွေ့ကို လေးစားတယ် ပြည်သူစစ်စစ်နဲ့ အတူရပ်တည်လို့ ပီတော့ဒုက္ခခံပီ လွတ်မြောက်နယ်မြေရောက်နေတဲ့အတွက်လဲ ဂုဏ်ယူတယ် ပြောရရင် ပြောမဆုံးဘူး စာစီကုံးကင်တောင် ဝတ္ထုတိုဖြစ်မယ် နိုင်ငံရေးစာထုတ်ရရင် ဝတ္ထု ပေါင်းချုပ်ဖြစ်မယ်ရေးရရင် လောက ကဟာသဆန်တယ် နလပိန်းတုန်းတွေ့အတွက်ပေါ့ အရောင်မခွဲခြားဘူးနော်ဒီနေရာမှ

  7. အနုပညာသူရဲကောင်းတွေ လေးစားပါတယ် အကိုတို့ရေ အစစအရာရာဂရုစိုက် ကြပါ အကိုတို့ရော တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်နေသော သူများနင့်ပြည်သူများအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ စွာနဲ့ ရောဂါဘေး၊စစ်ဘေး၊ကပ်ဘေးအမျိုးမျိုးတို့ကိုကျော်လွားနိုင်ပီး နိဗ္ဗာန် ချမ်းသာ ရကြပါစေ၊

  8. အားပေးလျက်ပါ။ အရေးတော်ပုံအောင်ကိုအောင်ရမည်။

  9. တာလီဘန်၏ ဗျူဟာအချို့ကို လေ့လာခြင်း🔴

    MyatTunOo

    တာလီဘန်ရဲ့ ဘာသာရေးအယူသည်းတာကအစ အများစုကို စာရေးသူတို့ မကြိုက်ပါ။ ဒါပေမယ့် ယခုရက်ပိုင်းအတွင်း တာလီဘန်ဟာ အမေရိကန်ပေးထားတဲ့ ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်က သင်တန်းပေးထားတဲ့ အာဖဂန်စစ်တပ်ကို နိုင်နေတာ တွေ့ရပါတယ်။ သူတိုက်လာတာတော့ နှစ်၂၀ ရှိပါပြီ။ ဘာ့ကြောင့်လဲ?
    အာဖဂန်အစိုးရတပ်ဖွဲ့အများစုဟာ ခံယူချက်မရှိတာတွေ့ရပါတယ်။ ကျန်တာက တာလီဘန်ဗျူဟာပါ။ တာလီဘန်ဟာ လမ်းမှာစစ်ယဉ်တန်းကို ဗုံးခွဲပြီးရင် စစ်ကူလာတဲ့တပ်ရဲ့ လာရာလမ်းတွေကိုလဲ စနစ်တကျ ဗုံးထောင်တိုက်တာတွေ့ရပါတယ်။ ရွာတွေထဲ ဝင်ပြေးရင်လဲ သူတို့ပြေးလမ်းကြောင်းမှာ ဗုံးထောင်ခဲ့တာ တွေ့ရပါတယ်။
    နောက်မြို့ပေါ်မှာ။ သူက မြို့ပေါ်မှာ ဗုံးထောင်ရင်လဲ ပထမဗုံးကွဲအပြီး နောက်လာရှင်းတဲ့ စစ်တပ်/ရဲကိုပါ ထပ်ထိအောင် ဗုံးထောင်ထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် စစ်တပ်က ချက်ခြင်းမလာရဲတော့ပါ။
    တာလီဘန်ကို အစိုးရတပ်အားသာချက်က လက်နက်ကြီးနဲ့ လေကြောင်းပါ။ တာလီဘန်က တင့်ကားမောင်းသူ၊ လက်နက်ကြီးပစ်သူများ၊ လေယဉ်ပျံမောင်းသူများကို စာရင်းကောက်ပြီး မိသားစုလိုက် လုပ်ကြံပါတယ်။ ကြာလာတော့ အာဖဂန်စစ်တပ်မှာ လေယဉ်မောင်းတတ်သူ နည်းလာပါတယ်။ အချို့က ထွက်ပြေးပါတယ်။ ဒါ့ကြောငိ့ အမေရိကန်က လေကြောင်းက ပြန်ကူပေးနေရပါတယ်။ တင့်ကားမောင်းသူ လက်နက်ကြီး ပစ်တတ်သူများလဲ အာဖဂန်တပ်မှာ ရှားပါးလာပါတယ်။ လေယဉ်ပျံမောင်းတာကလဲ သင်ယူဖို့ အချိန်တခုလိုပါတယ်။
    လက်ရှိဖက်ဆစ်တပ်ကို လက်နက်ထောက်တာ သင်တန်းပေးတာက ရုရှားပါ။
    အထက်မှာ ရေးပြတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာသင့်တဲ့ နည်းဗျူဟာအချို့ပါ။ တာလီဘန်ရဲ့ ရန်သူအားသာတဲ့ လက်နက်ကြီးနဲ့ လေယဉ်တွေကို မပျံနိုင်အောင် လုပ်နိုင်တာက စစ်ပွဲမှာ သူတို့အားသာဖို့ ဖြစ်လာခဲ့ပါတယ်။ တာလီဘန်ဟာ ဒီလက်နက်ကြီးကိုင်သူတွေနဲ့ လေယဉ်မောင်းသူတွေကို စစ်မတိုက်ခင်ထဲက စနစ်တကျ သုတ်သင်ခဲ့လို့ သေသူနဲ့ ထွက်ပြေးသူ များသွားခဲ့တာပါ။ ရန်ငါပြတ်ပါတယ်။ တွေးစရာလေးတွေ မျှဝေပေးတာပါ။
    News Source: BBC

  10. စိတ်​ရော လူ​ရော ပင်ပန်း​နေကြတဲ့ ပြည်သူ​တွေကို ​ရောက်တဲ့​နေရာမှာ ရှိတဲ့အရာ​လေးနဲ့ ​ဖျော်​​ဖြေကြတဲ့ အကို့တို့ရဲ့ စိတ်ဓါတ်ကို​လေးစားပါတယ် အမြဲအား​ပေးပါတယ်

  11. ချစ်လိုက်တာ အစ်ကိုတို့ရေ အားပေးနေပါတယ် အနုပညာသမားတွေ တကယ်ပီသပါပေတယ် အရမ်း အားပေးရတဲ့ အစ်ကိုတွေမလို့ အရေးတော်ပုံကြီးအောင်ပြီး ရောဂါတွေကင်း‌ဝေးနဲ့ တစ်နေ့ အစ်ကို ငါးယောက်လုံးကို လူစုံတက်စုံနဲ့ ချစ်ရတဲ့ ပရိတ်သတ်တွေ ဟာသ ပြောပေးပါဦးနော် အဲ့အချိန် အဲ့နေရာ အဲ့ရက်တွေထိ အတူသွားကြမယ် အစ်ကိုတို့ အခုတော့ အစစအရာရာ ဂရုစိုက်ပါ အားပေးနေပါတယ် ရှင်❤️❤️❤️

  12. ဟားငါးကောင်အငြိမ့်ကိုသဘောအရမ်းကျတယ် ဒါပေမယ့် အနုပညာသမားက နိုင်ငံရေးထဲမျောပါသွားတာကိုတော့နှမျောမိတယ်

  13. မြန်မာပြည်က ထွက်လာပြီးကတည်းက ခုလို ဟဒယအငြိမ့်လေးတွေ မကြည့်ရတာ ကြာခဲ့ပြီ

    ကျေးဇူးပါပဲ အစ်ကိုတို့ရေ
    တော်လှန်ရေးကြီးလည်း အမြန်ဆုံးအောင်မြင်ဖို့ အားလုံးအတူ ကြိုးစားကြမယ်၊ အရင်လို ပြန်လည်ပြုံးပျော်ကြမယ် ✊✊

  14. မိုက်တယ် bro တို့….အားဆေးစားလိုက်ရသလိုပါပဲ။လေးစားပါတယ်…

  15. စိတ်မကောင်းဘူးဗျာ။နောက်ကဝါးပင်လေးတွေမြင်တော့။တနေ့တော့စင်မြင့်ပေါ်မှာပြန်မြင်ရမှာအသေအချာပါ ဟားငါးကောင်။fighting

  16. ကျေးဇူးပါ။ အခက်အခဲတွေကြား၊ အမောအပန်းတွေကြားက၊ ဒုက္ခ‌ေတွနဲ့နေ‌ေနရတဲ့ပြည်သူတွေအတွက်၊ ပေးဆပ် တင်ဆက် အားဆွက်ပေးတာ ကျေနပ်ဝမ်းသားမိပါတယ်။ အားလုံးမျော်လင်တဲ့ပန်းတိုင်ကို ဟားငါးကောင်နဲ့ အတူ ပြည်သူပြည်သားတွေ အမေ့နားမြန်မြန်ပြန်နိုင်ပါစေ။

  17. ​ေ​တာ်လိုက်​​​ကြတာ။ ရောက်ရာအရပ်က ရအောင် ဆန့်ကျင်နိုင်ကြတယ်။ သံချပ်​လေးတွေအားလုံးမှာအတူတူ စူးဝင်ခံစားရပါတယ်။
    အားလုံး​ဘေးကင်း၍ ကျန်းမာကြပါစေ။
    အရေးတော်ပုံ ေအာင်ရမည်။

  18. ပြက်လုံးနဲ့ သံချပ် အဆင့်မြင့်လှပါပေတယ်။
    လေးစားဂုဏ်ယူပါတယ် ဟားငါးကောင်ရေ..

  19. တစ်ချိန်က ဟားငါးကောင်အငြိမ့်ဟာ အရမ်းရယ်ခဲ့ရတာပေါ့ အခုချိန်မှာ မျက်ရည်ကျရတယ် ပြည်သူအများစုပျော်မယ်မထင်ပါဘူး

  20. ဟားငါးကောင် ညီကိုတေနဲ့ အနယ်နယ်အရပ်ရပ်က တိုက်ပွဲဝင် သူရဲကောင်းအပေါင်းတို့ ဘေးကင်းကြပါစေ🙏 ကျန်းမားကြပါစေ🙏 အရေးတော်ပုံ အောင်ရမည်✊✊✊

  21. မှန်တာ​ပြော​တော့ နိုင်ငံ​တော်အကြည်ညိုပျက်​စေမူ့ မှားတာကို ​ထောက်ပြ​တော့ ဝတ္တရား​နှောက်ယှက်မူ့နဲ့ တရားစွဲခံရတဲ့ ဘဝကို ပြန်မ​ရောက်ချင်ဘူးဗျာ။

  22. အားပေးနေပါတယ်ဗျိုး.. ရောက်ရာနေရာကနေ တော်လှန်ရေး အတွက်ကြိုးပမ်းနေတဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ကို အမြဲ အားပေးသွားမှာပါ

  23. ဟားငါးကောင် တစ်ဖွဲလုံးကို ကျေးဇူးတင်ပါတယ် ကျမ္မာရေးကစ အရာရာ ဂရုစိုက်ကြပါ ကိုကြီးတို့ရေ အမြဲတမ်းအားပေးလျှက်ပါ
    အရေးတော်ပုံ အောင်ပါပီ
    အရေးတော်ပုံ အောင်နေပီ
    အရေးတော်ပုံ အောင်ကိုအောင်နေပီ

  24. အရမ်းကောင်းပါတယ် ကိုကြီးတို့ လေးစားပါတယ် အားလည်းတတ်မိပါတယ် ခုလိုမြင်ရတော့ အားလုံး ညီကိုတွေ ကျန်းမာကြပါစေဗျာ

  25. ဘဝမှာ ဟာဒယရွှင်ဆေးတိုက်ကျွေးတဲ့ လူရွှင်တော်တွေရဲ့ ပြက်လုံးကို မျက်ရည်တွေကျရင်း ငိုရင်း ကြည့်ရမယ်လို့ မထင်ခဲ့မိဘူး။ လေးစားစွာဖြင့် ဂုဏ်ယူပါတယ် အကိုတော်တို့။

  26. နဂိုထဲက ဟားငါးကောင် ပရိတ်သတ်ဆိုတော့
    ဟဒယသပိတ် တော်လှန်ရေး အငြိမ့်ကို စောင့်မျှော်‌ေနပြီးလွတ်မြောက်နယ်မြေအခြေနေတွေလည်းသိချင် စုံစမ်းချင်တာပေါ့ရှင်။ ဒီညတော့ 3ခေါက်ပြည့်အောင်ကြည့်လိုက်ပြီ။နောက်ပိုင်းက ‌ေြပာချက်တွေက စိတ်မကောင်းလိုက်တာရှင်။အရေးတော်ပုံ အောင်နိုင်ရမယ်။

  27. လေးစားပါတယ် ဟားငါးကောင်း အောင်မြင်နေတဲ့ အနုပညာရှင်များ ဖြစ်ပင့်မဲ ဘဝတွေကို အနစ်နာခံပြီးအမှန်တရားအတွက် မိသားစုအကွဲခံ အနစ်နာခံ ပြီး သတိရှိတာ အရမ်းလေးစားပါတယ် လူတိုင်းလုပ်ဖို့အရမ်းခက်ခဲတာကို လုပ်ပြတာ လေးစားပါတယ်

  28. အသက်တွေ ဘဝတွေရင်းပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့အပြင် အနုပညာနဲ့ပါ အားသစ်ထပ်လောင်းပေးလို့ ကျေးဇူးတင် လေးစားပါတယ်.. အရေးတော်ပုံ အောင်ရမည်..

  29. အစ်ကိုတို့ သစ္စာစကားတွေ အားဖြစ် လက်နက်အဖြစ် အသွင်းပြောင်းပြီး လူယုတ်မာ တစ်စု ကို ချေးမှုန့် နိူင်ပါစေလို့ ညီလေးတို့လဲ ဆုတောင်းမယ် ဗျာ 🙏🙏🙏🙏🙏 အမြဲတမ်း အောင်မြင်ပါစေ အစ်ကိုတို့ ရေ ဘေးဘယာ ကင်းဝေးပြီး မိသားစုတွေနဲ့ လဲ အမြန်ဆုံနိူင်ပါစေလို့ ဆုတောင်းပေးပါတယ် ဗျာ 🙏🙏🙏🙏🙏

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.