“သွေးနှင့်ရင်းသော”
ဦးညွတ်ထား ကြွေလွင့်သော ပွင့်ဖူးစအခြေ ရဲရဲနီစွေး
တောင်းဆုရင်း ငြိမ်သက်ခြင်း သူရဲကောင်းတို့ ငြိမ်းအေးချမ်းစေ
(သွေးနဲ့ရင်းပြီး ခင်းတဲ့ လမ်းများထဲ နေခြည်သာမနက်ခင်းမှာ ချိုမြိန်စွာ ပွင့်လန်းပါစေ
ဘဝနဲ့ရင်းခဲ့ အောင်မြင်မှုများအတွက် ကမ္ဘာဆုံးအထိတိုင်တို့ရင်ထဲ … ဖြတ်သန်းစီးဝင် မြင့်မြတ်တဲ့အာဇာနည်တွေရဲ့သွေး)
လောဘသား အာဏာရူး စုံလုံးကန်းတို့ လုပ်ရက်ပြီလေ
ဦးညွတ်ရင်း ကြွေလွင့်သော သူရဲကောင်းတို့ ငြိမ်းအေးချမ်းစေ
#SpringRevolution
#PVTV
Like – 2.8K Share – 111