သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အာရှ-ပစိဖိတ်အုပ်စု ဥက္ကဌရာထူးကို အောင်မြင်စွာ တာဝန်ယူနိုင်ခဲ့တဲ့ အကြောင်း သတင်းထုတ်ပြန်

သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အာရှ-ပစိဖိတ်အုပ်စု ဥက္ကဌရာထူးကို အောင်မြင်စွာ တာဝန်ယူနိုင်ခဲ့တဲ့ အကြောင်း သတင်းထုတ်ပြန်
မတ် ၂ ၊ ၂၀၂၂

ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စာလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းမှာ အာရှ-ပစိဖိတ်အုပ်စုရဲ့ ဥက္ကဌတာဝန်ကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့အကြောင်း နယူး ယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ အာရှ-ပစိဖိတ်အုပ်စုရဲ့ ဥက္ကဋ္ဌရာထူးကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာနဲ့ ဥက္ကဌရာထူးကို ဖေဖော်ဝါရီ ၁ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ မွန်ဂိုလီးယားအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Enkhbold Vorshilov ထံမှ လွှဲပြောင်းလက်ခံခဲ့တာလို့ ဖော်ပြ ထားပါတယ်။

အာရှ-ပစိဖိတ်အုပ်စုက ကုလသမဂ္ဂမှာရှိတဲ့ ဒေသအုပ်စုများအနက် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း (၅၄) နိုင်ငံပါဝင်တဲ့ ဒေသအုပ်စုတစ်ခု ဖြစ်ပြီး အဆိုပါအုပ်စုရဲ့ ဥက္ကဋ္ဌရာထူးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမည် အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ တာဝန်ယူလွှဲပြောင်းထမ်းဆောင်ရတယ်လို့ ဖော်ပြထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ အာရှ-ပစိဖိတ်အုပ်စုရဲ့ ဥက္ကဋ္ဌရာထူးကို တာဝန်ယူဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေ၊ ကော်မတီအလိုက် ဗျူရိုအဖွဲ့ဝင်တွေ၊ အထူးကော်မတီတွေ၊ အကြံပေးကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ၊ ကော်မရှင်တွေ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးအဖွဲ့ဝင်၊ ECOSOC နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကောင်စီအောက်က အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ အခြားအထူး အေဂျင်စီတွေ စတာတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရန် အဆိုပြုလာတြ့ ကိစ္စရပ်တွေအတွက် သံတမန်စာများ ဖြန့်ဝေတာ၊ အဆိုပြုတင်သွင်းလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို အာရှ-ပစိဖိတ်အုပ်စု ကိုယ်စား အတည်ပြုထောက်ခံပေးတာနဲ့ သက်ဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးရုံးတွေကို စာဆက်လက်ပေးပို့ အသိပေးတာတို့အပြင် အုပ်စုရဲ့ အခြားသောလုပ်ငန်းတွေကို လွယ်ကူချောမွေ့စေရန်လည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အာရှ-ပစိဖိတ်အုပ်စုရဲ့ ဥက္ကဋ္ဌတာဝန်ယူတဲ့ကာလအတွင်း ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျွမ်းကျင် သူများ အဆင့် အစည်းအဝေးတစ်ရပ်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းမှာ အာရှ-ပစိဖိတ် အုပ်စုရဲ့ လစဉ်အစည်း အဝေးကိုလည်းကောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးအနေနဲ့လည်း ဖေဖော်ဝါရီလ တစ်လတာအတွက် အာရှ-ပစိဖိတ်အုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သလို ပူးပေါင်းဆောင်ရွက် ပေးကြတဲ့ အာရှ-ပစိဖိတ်အုပ်စုရဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.