သေဒဏ်စီရင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးအတွက် အိန္ဒိယအစိုးရက တောင်းဆိုပေးဖို့ ဥရောပတိုက်ရဲ့ အိန္ဒိယသံရုံးတွေဆီ စာပေးပို့တောင်းဆို
ဇူလိုင် ၂ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်စီရင်ခြင်းကို ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားလေးဦးအတွက် ရည်ရွယ်ပြီး အိန္ဒိယ အစိုးရက တောင်းဆိုပေးဖို့အတွက် ဥရောပတိုက်ရဲ့ အိန္ဒိယသံရုံတွေဆီကို ဥရောပရဲ့ မြန်မာ နိုင်ငံရေးအတွက် သွေးစည်း ညီညွတ်စွာ လှုပ်ရှားနေတဲ့ အဖွဲ့ ၁၇ ဖွဲ့က အိတ်ဖွင့်ပေးစာတွေ ပေးပို့တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ ၄ ဦးကို တရားမျှတစွာ စီရင်ခြင်းမရှိဘဲ ကွပ်မျက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ကြေညာချက်ကို ပေါ်ပေါ်ထင်ထင်ရှုတ်ချဖို့နဲ့ အဲဒီလို ကြောက်မက်ဖွယ်ရာ လုပ်ရပ်ကို စွမ်းနိုင်သမျှ တားပေးဖို့ သံအမတ် ကြီးတွေက အိန္ဒိယအစိုးရကို တောင်းဆိုပေးကြဖို့အတွက် သွေးစည်းညီညွတ်စွာလှုပ်ရှားနေသောအဖွဲ့ (၁၇) ဖွဲ့က တိုက် တွန်းထားတာပါ။
အဲဒီအိတ်ဖွင့်ပေးစာကို ချက်သမ္မတနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Hemant H. Kotalwa ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Suzuki Hideo အပါအဝင် Educational Initiatives Prague ၊ Info Birmanie, France၊ International Association, Myanmar-Switzerland၊ Burman suomalaiset Finland၊ Myanmar Diaspora Group, Finland ၊ Karenni Society, Finland ၊ Netherlands-Myanmar Solidarity Platform ၊ Association Suisse-Birmanie ၊ German Solidarity with Myanmar Democracy e.V. ၊ Burma Campaign UK၊ Central European Institute of Asian Studies ၊ Karen Swedish Community ၊ Rohingya Action Ireland ၊ Stiftung Asienhaus ၊ Burma Action Ireland ၊ Swiss solidarity for democracy in Burma/Myanmar ၊ CRPH Support Group, Norway အစရှိတဲ့အဖွဲ့တွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။