သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တစ်လတကြိမ် သတင်းလွှာထုတ်ဝေမည်

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တစ်လတကြိမ် သတင်းလွှာထုတ်ဝေမည်
ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တစ်လတကြိမ် သတင်းလွှာထုတ်ဝေသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပြီး အတွဲ ၁၊ အမှတ် ၁ သတင်းလွှာကို ဖေဖော် ဝါရီ ၂၈ ရက်(ဒီနေ့မှာ) ထုတ်ဝေခဲ့ပါတယ်။

သတင်းလွှာထဲမှာ ဖေဖော်ဝါရီလအတွင်း ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေ၊ CDM ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေ၊ CDM ဝန်ထမ်းတွေရဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကျွန်းခွဲသား (၁၂) တန်ခန့် ဖမ်းဆီး ရမိသတင်းတွေ၊ ဆောင်းပါးကဏ္ဍ (စစ်ကောင်စီအတွက် အသက်သွေးကြောဖြစ်နေသည့် မြန်မာနိုင်ငံရှိ တရုတ်သတ္တုစီမံကိန်းများ)၊ ကဗျာကဏ္ဍ (ကျိန်စာသင့်နွေဦး)၊ တစ်ကွက်ကာတွန်း၊ မတ်လအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့ အထိမ်းအမှတ်နေ့တွေ အစရှိတဲ့အကြောင်းအရာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.