သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးက ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ချင်းပြည်နယ်ကို နိုင်ငံတဝှမ်းလုံးက လေစားဂုဏ်ယူနေရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ချင်းအမျိုးသားနေ့သဝဏ်လွှာ မှာဖော်ပြ

သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးက ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ချင်းပြည်နယ်ကို နိုင်ငံတဝှမ်းလုံးက လေစားဂုဏ်ယူနေရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ချင်းအမျိုးသားနေ့သဝဏ်လွှာ မှာဖော်ပြ
ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၀

သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးကနေ ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ချင်းပြည်နယ်က ယခုနွေဦးတော် လှန်ရေးမှာလည်း ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု စည်း လုံးစွာ ပါဝင်ဆင်နွှဲနေတာက နိုင်ငံတစ်ဝှမ်းလုံးကပင် လေးစားဂုဏ်ယူလောက်ဖွယ် ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့မှာကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ မှာဖော်ပြလိုက်တာပါ။

လက်နက်အင်အား သာလွန်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ချင်းတိုင်း ရင်းသားတို့ရဲ့ ရဲရင့်တဲံ စိတ်ဓာတ်ကို တုန်လှုပ်ခြောက်ခြားနေပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်တာ၊ ချင်းတိုင်းရင်းသားတွေ နဲ့ ချင်းပြည်နယ်က ပြည်သူလူထုကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ မြို့၊ ရွာ၊ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျ ကျူးလွန်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

အဲဒီလိုခက်ခဲကြမ်း တမ်းတဲ့ တော်လှန်ရေးခရီးမှာ ကျဆုံးသွားခဲ့ကြတဲ့ ချင်းတော်လှန်ရေး သူရဲကောင်းများအား အလေးပြုပါကြောင်း နဲ့ ဆုံးရှုံးနစ်နာခဲ့မှုများအတွက် အထူးဝမ်းနည်းရပါကြောင်းလည်းသဝဏ်လွှာမှာဖော်ပြထားပါတယ်။

လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ကျူးလွန်လုပ်ဆောင်နေတာ တွေကြောင့် ကြွေလွင့်သွားခဲ့ရတဲ့ ချင်းတိုင်းရင်းသား သူရဲကောင်းတွေ၊ ယင်းတို့ရဲ့ မိသားစုတွေ၊ ပျက်စီးဆုံးရှုံးသွား ရတဲ့ မြို့၊ ရွာ၊ နေအိမ်တွေ၊ စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ်က တိုင်းရင်းသားပြည်သူတွေအတွက် ဆက်လက်ပံ့ပိုးကူညီပေးကြဖို့နဲ့ ပြည်တွင်း၊ ပြည်ပက တိုင်းရင်းသား ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို CRPH က တောင်းဆိုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်‌ရေးမှာ အဆုံးသတ် အောင်မြင်မှုရရှိတဲ့အထိ ပြည်သူတို့က အပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးလျက် တော်လှန်ရေးခရီးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူ ဆက်လက် လျှောက်လှမ်းနေမယ်ဆိုပြီးတော့လည်း သဝဏ်လွှာထဲမှာ ကတိကဝတ်ပြုထားတာ တွေ့ရပါတယ်။

ဒါအပြင် တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ ယှဉ်တွဲနေထိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး‌ တည်ဆောက်နိုင်ပါစေဆိုတာနဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ် အခါသမယဖြစ်တဲ့ (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။

ချင်းတိုင်းရင်းသားများက အုပ်ချုပ်ရေးမူဟောင်းမှ ဒီမိုကရေစီမူသစ်အုပ်ချုပ်ရေး ကိုပြောင်းလဲရန် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြတဲ့ ချင်းလူထုညီလာ ခံ ကျင်းပရာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဒီနေ့ဆိုရင် (၇၄) နှစ်ကိုရောက်ရှိလာခဲ့ပါပြီ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.