“သတင်းအချက်အလက်သည် တော်လှန်ရေးအသက်”

“သတင်းအချက်အလက်သည် တော်လှန်ရေးအသက်”

နွေဦးတော်လှန်ရေးအစမှ ယနေ့တော်လှန်ရေးကာလ တစ်နှစ်ကျော်လာသည်အထိ ‘သတင်းအချက်အလက်’ သည် အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်ဖြင့် လူ့အသက်များစွာကယ်နိုင်ခဲ့ပြီး တိုက်ပွဲများဖော်ဆောင်နိုင်ခဲ့သလို သတင်းလုံခြုံရေးကျိုးပေါက်ခြင်းနှင့် သတင်းမှားများကြောင့် လူတချို့ ကျဆုံးခဲ့ရသလို တိုက်ပွဲတချို့လည်းလက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်မို့ ‘သတင်းအချက်အလက်စားသုံးပုံ’ ဟာ အင်မတန်မှအရေးပါပြီး စားသုံးပုံမတတ်ပါက အန္တရာယ်ရှိနိုင်ပါတယ်။

‘ကလစ်ခြင်း’ ဖြင့် တော်လှန်ခြင်းဟာလည်း အရေးကြီးသလို ‘သတင်းပေးခြင်း’ ဟာလည်း တော်လှန်ရေးအောင်နိုင်ရေးအတွက် လွန်စွာ အရေးပါပါတယ်။ ကလစ်တာကို နေ့တိုင်းအချိန်တိုင်း နိုင်သလောက်လုပ်ကြဖို့ လိုအပ်သလို သတင်းတွေပေးဖို့ကိုလည်း နေ့တိုင်း အချိန်တိုင်းလိုလို တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်ပေးဖို့လိုပါတယ်။ သတင်းအချက်အလက်ဆိုရာမှာ “မြေပြင်သတင်းအချက်အလက်နှင့် လျှို့ဝှက်စစ်ရေးသတင်းများ၊ အတွင်းသတင်း (ဖရဲသီးသတင်း) များ” ကလည်း စစ်ပွဲအောင်နိုင်ရေး၊ လက်ဦးမှုရယူရေးမှာ အဓိက ‘အခရာ’ ကျပါတယ်။

‘သတင်းပေးသူများ’ အနေနဲ့ တော်လှန်ရေးမှာအမှန်တကယ်ပါဝင်လုပ်ကိုင်နေပြီး အတွေ့အကြုံရှိတဲ့ တော်လှန်ရေးအဖွဲ့များကို သတင်းအချက်အလက်တွေပေးနိုင်ဖို့ အဓိကလိုအပ်ပါတယ်။ သတင်းအချက်အလက်စားသုံးရာတွင် နားလည်ကျွမ်းကျင်ဖို့လိုအပ်ချက်များနေသောအဖွဲ့များထံပေးပို့မိပါက “သတင်းများဖောင်းပွခြင်း၊ ပေါက်ကြားခြင်း၊ စကစဘက်မှဝါဒဖြန့်ချိရေး (Propaganda) နှင့် စိတ်ဓာတ်စစ်ဆင်ရေး (Psywar) များကို မိမိတို့တော်လှန်ရေးအစုအဖွဲ့များဘက်သို့ ဖြန့်မိခြင်း” အစရှိသော သတင်းအဆိပ်သင့်စေခြင်းများ ဖြစ်စေနိုင်ပါတယ်။

‘သတင်းလက်ခံသူများ’ အနေနဲ့လည်း ပေးပို့လာသောသတင်းများကို “မှန်ကန်စွာစိစစ်ခြင်း၊ ယုံကြည်ရသောအဖွဲ့များထံ အချိန်မီဖြန့်ဝေခြင်း၊ သတင်းလုံခြုံရေးအတွက်သတိပြုခြင်း” အစရှိသော လုပ်ဆောင်ပုံအဆင့်များအား သတိရှိ နားလည်ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။

*ထို့ကြောင့် Revolution Social Platform တစ်ခုဖြစ်တဲ့ Telegram တွင် Subscribe ထားသင့် ၊ သတင်းပေးသင့်သော တော်လှန်ရေးချန်နယ်(Channel) များအား ဖော်ပြလိုက်ရပါတယ်*

“Myanmar Secret Informations – MSI” ဟာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့ထိတိုင် ပြည်သူလူထုသိသင့်သောတော်လှန်ရေးသတင်းမှန်များအား အချိန်နဲ့တပြေးညီ တင်ပေးနေတဲ့ ‘ပြည်သူ့သတင်းချန်နယ်’ တစ်ခုပဲ ဖြစ်ပါတယ်။
🖇Link – https://t.me/msi22222

“Rangoon Scout Network – RSN” ကတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြေပြင်သတင်းတွေကို အချိန်နဲ့တပြေးညီ အဓိကလုပ်ဆောင်နေတဲ့ ‘ယုံကြည်ရတဲ့ တော်လှန်ရေးချန်နယ်’ တစ်ခုပဲ ဖြစ်ပါတယ်။
🖇Link – https://t.me/rangoonscoutnetwork

“Myanmar Scout Network – MSN” မှာတော့ မြန်မာနိုင်ငံရှိ ‘ဒေသအလိုက် အရေးကြီးမြေပြင်သတင်းများ’ ကိုပဲ Highlight ပြပေးမှာဖြစ်ပါတယ်။
🖇Link – https://t.me/myanmarscoutnetwork

“Enemy Air Route – EAR” မှာတော့ ရန်သူစကစရဲ့ လေကြောင်းလေတပ်နဲ့သက်ဆိုင်တဲ့သတင်းတွေစောင့်ကြည့်နိုင်ပြီး ‘PDF/LDF များနဲ့ ERO များ’ ပါ ယုံကြည်စွာစောင့်ကြည့်ကြတဲ့ ချန်နယ်တစ်ခုပဲ ဖြစ်ပါတယ်။
🖇Link – https://t.me/enemyairroute

အထက်ပါချန်နယ်များသည် နွေဦးတော်လှန်ရေးအစကတည်းက သတင်းအချက်အလက်ကဏ္ဍတွင် အားစိုက်ပါဝင်လာခဲ့ပြီး လက်ရှိတွင်လည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အပါအဝင် တခြားသော ယုံကြည်ရသော မြေပြင် သပိတ်အဖွဲ့များ၊ ဒေသအလိုက် Scout အဖွဲ့များ၊ မြို့ပြပြောက်ကျား (UG) များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များနှင့်အတူ သတင်းအချက်အလက်အားဖြင့် တော်လှန်ရေးမှာ ကူညီအားဖြည့်လျက်ရှိပါသည်။

*ဘယ်လို သတင်းအမျိုးအစားတွေ ပေးကြဖို့လိုလဲ?*
၁) မြို့တွင်းမြို့ပြင် အစစ်အဆေး ၊ အဖမ်းအဆီး နှင့် ဧည့်စစ်ဝင်မွှေသတင်းများ
၂) Barrier, Zigzag နဲ့ CCTV များ ချထားမှုများ
၃) တပ်တည် တပ်လှုပ် ၊ ရန်သူ့ယာဉ်တန်းလမ်းကြောင်းများ (ကား၊ ရထား၊ ရေ‌ယာဉ်၊ လေယာဉ်)
၄) တပ်စွဲ၊ ကင်းစောင့်၊ ကင်းပတ်အခြေအနေများ
၅) တပ်တွင်း(ဖရဲသီး) သတင်းအစရှိသည့် ရန်သူစကစနှင့်သက်ဆိုင‌်သော သတင်းမှန်သမျှကို အောက်ပါ Telegram Account များဆီ လုံခြုံစိတ်ချစွာပေးပို့နိုင်ပါတယ်။

📬မြေပြင်သတင်းပေးအကောင့် > https://t.me/Inform_RSN
✈️လေကြောင်းသတင်းပေးအကောင့် > https://t.me/EAR_Info

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.