သတင်းအချက်အလက်ရယူရန် တာဝန်ပေးထားသူများမှအပ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ကြီးဌာနမှာ လုပ်ဆောင်နေသူတွေို့ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်းသူတွေလို့ သတ်မှတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး ကြေညာချက်ထုတ်

သတင်းအချက်အလက်ရယူရန် တာဝန်ပေးထားသူများမှအပ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝန်ကြီးဌာနမှာ လုပ်ဆောင်နေသူတွေို့ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်းသူတွေလို့ သတ်မှတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး ကြေညာချက်ထုတ်
မတ် ၁၁ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းအဖြစ် လျှောက်ထားသူတွေအားလုံး(စစ် ကောင်စီရဲ့ ဝန်ထမ်းတွေအဖြစ် လျှောက်ထားပြီး တရားမဝင် ဝန်ကြီးဌာနကအတွင်းကို ထိုးဖောက်ကာ သတင်း အချက် အလက်တွေ ရယူရန် တာဝန်ပေးထားသူများမှအပ)ကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်တဲ့ အကြမ်းဖက်အုပ် စုရဲ့ လုပ်ရပ်တွေကို အားပေးဆောင်ရွက်တဲ့သူတွေအဖြစ် သတ်မှတ်သွားမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးရဲ့ အမိန့်နဲ့ မနေ့က ကြေ ညာချက်ထုတ်ပြန်ခဲ့ပါ တယ်။

ထုတ်ပြန်ချက်ထဲမှာတော့ စစ်အာဏာရှင်စနစ် ထူထောင်တည်ဆောက်မှုလုပ်ငန်းတွေမှာ ဝန်ကြီးဌာနအသီးသီးကို စစ်တပ်ရဲ့ တပ်မှူးတွေ အရပ်သားအသွင်ပြောင်းတာဝန်ထမ်းဆောင်စေတာ၊ စစ်တပ်သြဇာခံဝန်ထမ်းတွေ ဖြစ်လာစေဖို့ သင်တန်းတွေပေးတာ အစရှိတဲ့ နည်းလမ်းတွေကိုကျင့်သုံးပြီး စစ်ဗျူရိုကရက်အုပ်ချုပ်ရေး ယန္တရားကို တည်ဆောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံအရပ်ရပ်က ဝန်ကြီးဌာနအသီးသီးရဲ့ နိုင်ငံ့ဝန်ထမ်းများစွာတို့က စစ်တပ်သြဇာခံဝန်ထမ်းတွေအဖြစ် စစ်ဗျူရို ကရက်အုပ်ချုပ်ရေးယန္တရားကို ခွေးသွားစိတ်များအဖြစ် ပါဝင်လည်ပတ်ခြင်းမရှိပဲ Civil Disobedience Movement (CDM) ပြုလုပ်ကာ ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ခဲ့ကြပါတယ်။

အဲဒီလို CDM ၀န်ထမ်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် စစ်ဗျူရိုကရက်အုပ်ချုပ်ရေး ယန္တရားက နိုင်ငံနဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်သိမှုမရှိတဲ့ Non-CDM ဝန်ထမ်းတွေအဖြစ်နဲ့သာ ဆက်လက်လည်ပတ် ခဲ့ကြောင်း တွေ့ရှိရပါတယ်။

ယခုအခါမှာ ဝန်ကြီးဌာနအသီးသီးရဲ့ Non-CDM ဝန်ထမ်းအကြီးအကဲတွေက နိုင်ငံတော် ပုန်ကန်မှုနဲ့ စစ်ရာဇ၀တ်မှုကျူးလွန်ပြီး၊ တရားမဝင်အစိုးရဖွဲ့စည်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အာဏာကို အသက်သွင်းဖို့ ဝန်ထမ်းသစ်တွေကို ခေါ်ယူလျက်ရှိရာ စစ်ကောင်စီရဲ့ တရားမဝင်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလည်း ပါဝင်လျက်ရှိတာကိုတွေ့ရကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီမှ ဖွဲ့စည်းထားတဲ့ အစိုးရက တရားမဝင်အစိုးရဖြစ်လို့ တရားမဝင်အစိုးရရဲ့ ဝန်ကြီးဌာနကလည်း တရားဝင်မှုမရှိကြောင်းနဲ့ အဲဒီဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားတာ၊ တာဝန်ထမ်းဆောင်တာ တွေက တရားဝင်မှုမရှိဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.