သတင်းတွေဖတ်ရင်း သီချင်းတွေနားထောင်ရင်း ကလစ်ကလေးနှိပ်ရင်း အလှူလုပ်နိုင်တဲ့ Tha Din Application မိတ်ဆက်


သတင်းတွေဖတ်ရင်း သီချင်းတွေနားထောင်ရင်း ကလစ်ကလေးနှိပ်ရင်း အလှူလုပ်နိုင်တဲ့ Tha Din Application မိတ်ဆက်

လက်ရှိ တော်လှန်ရေးကာလမှ လူကိုယ်တိုင် ပါဝင်တဲ့သူကပါ … မပါဝင်တဲ့သူတွေက အလှူတွေနဲ့ ထောက်ပို့တွေလုပ်နေကြတာပါ။ လှူဖို့မတတ်နိုင်တဲ့သူတွေကျတော့လည်း အလှူငွေရမယ့် ကလစ်တွေကို နှိပ်ရင်း စပါယ်ရှယ်ကို လှူနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် Click to Donate ကတစ်ရက်တည်းနဲ့ သိန်းနှစ်ရာကျော်ရရှိသွားတဲ့အထိ ကလစ်နှိပ်သူတွေ အားကောင်းလာခဲ့တာပါ။ အခုလည်း သတင်းတွေဖတ်ရင်း ရေဒီယိုနားထောင်ရင်းနဲ့ ကလစ်တွေနှိပ် အလှူငွေတွေလှူပြီးသားဖြစ်မဲ့ Tha Din App လေးနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဘော်ဒါအချင်းချင်းကြားမှာလဲ App ထဲမှာ ပွိုင့်ဘယ်လောက်ရနေသလဲ ဘယ်ရာထူးရနေပြီလဲဆိုပြီးတော့ ပြိုင်ဆိုင်လို့ ရပါသေးတယ်။ Tha Din App ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရေဒီယို NUG အပါအဝင် အခြားသော သတင်းဌာနတွေက ထုတ်လွှင့်နေတဲ့ သတင်းတွေကိုနားထောင်ဖို့နဲ့ ဖတ်ဖို့ စီစဉ်ပေးထားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ သတင်းဌာနကို နှိပ်ပြီး ဖတ်ရုံပါပဲ။ ရေဒီယိုထဲမှာဆိုရင် သတင်းအကြောင်းအရာနားထောင်မလား၊ နိုင်ငံတကာသီချင်းတွေ နားထောင်မလား၊ Kpop ကြိုက်တဲ့သူတွေအတွက်လည်း နားထောင်လို့ရတဲ့ လိုင်းတွေပါထည့်ထားပါတယ်။
သတင်းတွေဖတ်ချင်တဲ့အခါကျရင်လည်း ကိုယ်ကြိုက်တဲ့ သတင်းဌာနကို ဝင်ဖတ်လို့ရသလို News ဆိုတဲ့ Tab ကိုဝင်ရောက် ပြီးတော့လည်း သတင်းတွေဖတ်လို့ရပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းမှားတွေ များလွန်းတာကြောင့် သတင်းအမှန်တွေဖတ် ချင်ရင်တော့ ဒီ Tha Din App လေးကို ဒေါင်းထားလိုက်ပါ။
အဲ … ဝုန်းဝုန်း ဒိုင်းဒိုင်းနဲ့ တိုက်ပွဲသတင်းတွေ PDF တွေရဲ့ အောင်ပွဲရသတင်းတွေ ချက်ခြင်း သိချင်တယ်ဆိုရင်လည်း War News ဆိုတဲ့ Tab လေးနှိပ်ပြီး စောင့်ဖတ်နေယုံပါပဲ။
ပွိုင့်ရရှိမှုလေးကို ရှင်းပြပေးပါဦးမယ်။ သတင်း ဒါမှမဟုတ် ရေဒီယို နားထောင်ဖို့ စနှိပ်ပြီးတဲ့အခါ ပေါ်လာတဲ့ ကြော်ငြာလေးတွေကို ကြည့်ပေးခြင်းအားဖြင့် ပွိုင့်တွေစုဆောင်းနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဖတ်ချင်တာတွေ လိုက်ဖတ်ရင်း၊ နားထောင်ရင်း၊ ကြော်ငြာလေးတွေကြည့်ရင်း တစ်ပွိုင့်ပြီး တစ်ပွိုင့် ရယူသွားနိုင်ပါတယ်။ ဘော်ဒါအချင်းချင်း ပွိုင့်ပြိုင်ဖို့ အပြိုင်ဝုန်းတဲ့ အခါမှာ သတိပြုရမယ့်ဟာလေးတွေလဲ ပြောထားချင်ပါတယ်။ အဲဒါကတော့ ပွိုင့် ၅၀ ပြည့်တဲ့အခါ မှာ ကိုယ်အသုံးပြုနေတဲ့ VPN မှာ နိုင်ငံပြောင်းသင့်တယ်ဆိုတာပါပဲ။ ကျွမ်းကျင်သူတွေ အကြံပြုထားတာလေး ပြောပြပေးပါဦးမယ်။ ကြာချိန်က ၇ မိလောက်ပဲ ရှိမယ်။ VPN ကို US ထားရပါ မယ်။ ပြီးတော့မှ ကြော်ငြာ ၁၀ခု ၁၅ ခုလောက်ကြည့်ပေးရပါမယ်။ အဲဒီကြော်ငြာတွေ ကြည့်နေရင်းကမှ တခုကို learn more နှိပ်ပြီး သူ့ဝက်ဆိုဒ်ကို လိုက်ကြည့်တာ ဒါမှမဟုတ် App ကြော်ငြာဆိုရင် အင်စတော လုပ်ပေးလိုက်ပါ။ ဝိုင်ဖိုင်နဲ့သုံးတာမဟုတ် ဘဲ ဒေတာနဲ့အသုံးပြုတဲ့သူတွေကတော့ learn more တို့ see more တို့ကိုပဲ နှိပ်ပေးပါ။ အဲဒီလိုတွေ ဝုန်းပြီးသွားတယ်ဆိုရင်တော့ ပွိုင့်ရရှိမှုကို App ရဲ့ ဘယ်ဘက်အပေါ်မှာရှိတဲ့ Menu Button အတန်းလေး ၃ တန်းကို နှိပ်ပြီး ပရိုဖိုင်ထဲ ဝင်ကြည့်လို့ရပါပြီ။ ပွိုင်ရရှိတဲ့အပေါ်မူတည်ပြီးတော့ ကိုယ်က တပ်သားလား၊ တပ်ကြပ်လား၊ ဗိုလ်ကြီးလား၊ ဗိုလ်မှူးလား ဆိုတာကို ဘော်ဒါအချင်းချင်းပြိုင်လိုက်ပါတော့။ အော် .. တခုပြောဖို့ ကျန်နေပါသေးတယ်။ Tha Din App ရဲ့ အားသာချက်ကတော့ နေ့စဉ်အသုံးပြုသူစာရင်းတွေ၊ တလတာ အတွက် စုစုပေါင်းရငွေတွေကိုလည်း ဝင်ကြည့်နိုင်သေးတာပါပဲ။ ရရထားတဲ့ အလှူငွေတွေကို ဘယ်အဖွဲ့တွေဆီကို လှူဒါန်းထားတယ်ဆိုတာလည်း ပွင့်လင်းစွာနဲ့ ချပြထားပေးဦးမှာပါ။ Feature အသစ်အဖြစ် Premium ဆိုတဲ့ Tab တစ်ခုကို ထပ်တိုးထားပြီး တော်လှန်ရေးနဲ့ သက်ဆိုင်နဲ့ စာတွေ ကဗျာတွေကို ဖတ်ရှုလို့ရမှာဖြစ်သလို ကိုယ်တိုင်ရေးသားထားတာရှိရင်လဲ ပေးပို့နိုင်တယ်လို့ ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ ဘော်ဒါတွေအကြား Tha Din App လေးဒေါင်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက် Digital PDF တပ်ဖွဲ့ကြီးမှာ ကိုယ်ဘယ်အဆင့်ရောက်နေပြီဆိုတာကို ပြိုင်ကြရင်း ဒစ်ဂျစ်တယ်နည်းပညာနဲ့ တော်လှန်ရေးဆင်နွှဲနိုင်ကြပါပြီ။

App Download
iOS Apple
App Store 👉 www.tinyurl.com/thadinios
Android
Play store 👉 www.tinyurl.com/thadin
Apk pure 👉 www.tinyurl.com/tdapkpure

သိလိုရာမေးမြန်းရန်
https://www.facebook.com/thadin21
www.t.me/thadin

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.