ဝေဘူလမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တက်လာလို့ PDF တပ်ဖွဲ့တွေ စုပေါင်းပြီး ခုခံတိုက်ခိုက်နေရ

ဝေဘူလမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တက်လာလို့ PDF တပ်ဖွဲ့တွေ စုပေါင်းပြီး ခုခံတိုက်ခိုက်နေရ
ဇန်နဝါရီ ၆ ၊ ၂၀၂၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ PDF တပ်ဖွဲ့တွေ စုပေါင်းပြီး ခုခံတိုက်ခိုက်နေရတယ်လို့ ဒေသခံ PDF အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက နတ်ချောင်းဘက်ကနေ ဝေဘူလမြို့ကို စစ်ကြောင်းထိုးလာတာဖြစ်တာကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF (Kalay) ၊ CNDF၊ Zomi PDF ၊ RKDF နဲ့ ပ.က.ဖ (ကလေး) ပူးပေါင်းတပ်ဖွဲ့တွေက စုပေါင်း ပြီး ခုခံတိုက်ခိုက်နေတာပါ။

လမ်းကြောင်းတလျှောက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကလေးနည်းပညာတက္ကသိုလ် ကနေ အဝေးပစ်အမြှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။

စစ်ရေးအခြေအနေပြင်းထန်နေလို့ ပြည်သူတွေကို ကလေး-ဂန့်ဂေါလမ်းပိုင်းကနေ အသွားအလာ မလုပ်ကြဖို့နဲ့ လုံခြုံရေးကို အထူးဂရုစိုက်နေကြဖို့ သတိပေးထားတာတွေ့ရပါတယ်။
ဓာတ်ပုံ – ရှေ့တန်းရောက် PDF (Kalay) တပ်ဖွဲ့ဝင်များ
#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.