ဝါရီဆူးဖလိုင်ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ လွိုင်ကော်PDF သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၂
ဒီနေ့မနက် ဝါရီဆူးဖလိုင်ရွာအနီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လွိုင်ကော်)က ဒီနေ့မွန်းလွဲ အချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်မှာတော့ မနေ့ကတည်းက ရှမ်း-တောင်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နဲ့ ဝါရီဆူးဖလိုင်ရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လွိုင်ကော် PDF၊ မိုးဗြဲ PDF၊ KA၊ ဒီးမော့ဆို PDF၊ KNDF၊ KGZ၊ Gz21၊ JPDF၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့အစရှိတဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ကြ တာပါ။
ညနေအချိန်ထိ တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီကတင့်ကား/လက်နက်ကြီးပစ်ကူ/ တိုက်လေယာဉ် တွေနဲ့ အလွန်အကျွံ ပစ်ခတ်အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးပစ် ခတ်ခဲ့တာပါ။
မြေပြင်ရဲဘော်တွေရဲ့ အတည်ပြုချက်အရ စစ်ခွေးဦးရေ ကျဆုံးမှု အလွန်များပြားတယ်လို့လည်း ဆိုထားပါတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့်လည်း တင့်ကားနဲ့ စစ်ကားတွေကို ချောင်ပိတ်ကာ မလှုပ်မယှက်နိုင် တော့တဲ့ထိ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခြေမှုန်းလက်ဦးမှု ရယူခဲ့ထားတာပါ။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေလည်း ကျဆုံးမှုတွေ ရှိခဲ့သလို ကာကွယ်ရေးတပ်သားတွေက ပြည်သူတွေရဲ့ အိုးအိမ်တွေကို နောက်ဆုံးအချိန်ထိ ကာကွယ်ပေးခဲ့ကြတာပါ။
ယမန်နေ့ မိုးဗြဲတိုက်ပွဲအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲများစွာမှာ ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် တွေကို မိမိတို့ လွိုင်ကော် PDF မှ ညိုးငယ်သောစိတ်နဲ့ ဦးညွှတ်အလေးပြုလျက် စစ်အာဏာရှင်ကျဆုံးတဲ့အထိ ရေကုန်ရေခန်း တိုက်ပွဲဝင်သွားမယ်လို့လည်း သစ္စာပြုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။