ဝက်လက် PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား နှစ်ရက်ဆက်တိုက်တိုက်ပွဲများပြင်းထန်
ဇန်နဝါရီ ၂၊ ၂၀၂၂
စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ ဝက်လက် PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ၂၀၂၁ ဒီဇင်ဘာလ (၃၁) ရက်နေ့နှင့် ၂၀၂၂ ဇန်နဝါရီလ (၁) ရက်နေ့ (၂) ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဝက်လက် PDF ပူးပေါင်းတပ်ဖွဲ့မှာ ဝက်လက် PDF၊ Foundie Foundie Foundie၊ လျှပ်စီး ပျောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွှေး၊ စစ်ကိုင်း ခရိုင်တပ်ရင်း(၁)၊ အခြားတော်လှန်ရေး ညီနောင်များ ပူးပေါင်း တိုက်ပွဲ၀င်ခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ညဘက်တွေမှာ MI35 ရဟတ်ယာဉ်သုံးကာ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လဲ သတင်းရရှိပါတယ်။
(အကြမ်းဖက်စစ်ကောင်စီတပ်က MI35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့် မှတ်တမ်းရုပ်သံ)
#SpringRevolution
#PVTV
#PVTVNews