ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှာ အပြစ်မဲ့ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်တွေ မီးရှို့သတ်ဖြတ်
ဖေဖော်ဝါရီ ၅၊ ၂၀၂၂
ဝက်လက်မြို့နယ် ၊ သစ်ဆိမ့်ကြီးကျေးရွာကို ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အပြစ်မဲ့ အရပ်သားပြည်သူတွေဖြစ်တဲ့ ကိုသူရထွန်း ၊ ဦးဇော်မင်းထွန်း ၊ ကိုကိုလင်းမောင် ၊ ကိုသဲထွန်းအောင် ၊ ဦးမြင့်အောင် နဲ့ ကိုမင်းမင်းထွန်းတို့ ၆ ယောက်ကို အဓမ္မဖမ်းဆီးချုပ်နှောင် လူသားမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝက်လက်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ် အတွင်းက အပြစ်မဲ့ အရပ်သားပြည်သူ ၆ ယောက်ကို အခုလို ရက်စက်စွာ မီးရှို့သတ်ခံရတဲ့တာကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အထူးဝမ်းနည်းစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတွေ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၆ဦးကို လူသားမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ကျုးလွန်တာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန်မှုအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မှတ်တမ်းတင်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။