လှည်းတန်း ဂမုန်းပွင့်တွင် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်
၂၉ နိုဝင်ဘာလ ၂၀၂၁
ကမာရွတ်မြို့နယ် လှည်းတန်း ဂမုန်းပွင့်ကုန်တိုက်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ကြည့်မြင်တိုင်မြ်ို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က လူထုဒေါ်အမာ ၁၀၆ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#news