လွိုင်ကော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ အကြမ်းဖက်စစ် ကောင်စီဘက်က ၂၃ ဦးသေ၊ KNDF ဘက်က ကျဆုံးမရှိ

လွိုင်ကော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ အကြမ်းဖက်စစ် ကောင်စီဘက်က ၂၃ ဦးသေ၊ KNDF ဘက်က ကျဆုံးမရှိ
ဇန်နဝါရီ ၆ ၊ ၂၀၂၂

လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါ တယ်။
ကယန်းသာယာကျေးရွာအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းစခန်းတခုကို ဒီနေ့မနက် ၃ နာရီခွဲမှာ ကရင်နီတပ်မတော် (KA)၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ တိုက်ပွဲချိန်က ၂ နာရီခန့်အထိ ကြာမြင့်ခဲ့တာ လည်း ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီးတော့ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီးရဲ့ ၅ မိုင်နဲ့ ၆ မိုင် တို့မှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကြောင်း သုံးကြောင်းထိုးလာတဲ့ အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီး မော့ဆိုနဲ့ လွိုင်ကော်မြို့ နှစ်ဘက်စလုံးကနေပြီး စစ်ကြောင်းသုံးကြောင်းထိုးလာတဲ့အတွက်ကြောင့် ဒီမနက် ၈ နာရီကနေ ညနေ ၃ နာရီခန့်လောက်အထိ ၇ နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ဦးသေ ဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက တင့်ကားတွေအသုံးပြုပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်စစ် သားတွေအလောင်း အစဖျောက်ဖို့အတွက် အလောင်းတွေကို အိတ်တွေထဲထည့်မီးရှို့မှုတွေလုပ်ခဲ့ပါတယ်။ ဒါအပြင် ၆ မိုင်ကျေးရွာ က နေအိမ် ၄ လုံးနဲ့ အထက်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ဒီးမော့ဆို ၆ မိုင်နဲ့ ဘက်တလင်ကျေးရွာတွေအထိ တပ်ဖြန့်ပြီးတော့ စစ်ကြောင်းထိုးနေတာလို့လည်း KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.