လွန်ခဲ့တဲ့တစ်နှစ်ကျော်ကစလို့ လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုဒဏ်တွေကို ခါးစည်းခံနေရတဲ့ ပြည်တွင်းနေ အိုးအိမ်မဲ့မိသားစုတွေ၊ မိဘမဲ့ရင်သွေးငယ်လေးတွေ၊ ပြုစုစောင့်ရှောက်သူမဲ့လူကြီးတွေအတွက် မိမိတို့ရဲ့ တကိုယ်ရည်စာလိုအပ်တဲ့ ပစ္စည်းလေးတွေကိုဝယ်ယူရင်း ပိုက်ဆံတစ်ပြားမှမကုန်ဘဲ လှူဒါန်းမှုပြုနိုင်နေပြီဆိုတာ သိပြီးကြပြီလား။
Amazon Smile မှာဈေးဝယ်ရင်း လူသားချင်းစာနာထောက်ထားမှုကို ပြသနိုင်နေပြီ ဖြစ်ပါတယ်။ ဒီ အစီအစဥ်လေးကို ယူဆောင်မိတ်ဆက်လာတာကတော့ Humanitarian and Development Foundation for Myanmar အဖွဲ့ကဖြစ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် CRPH-OFP အသိအမှတ်ပြုရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်ပါတယ်။
Amazon Smile ကနေတဆင့်ဈေးဝယ်ရင်း
🤩 ဘယ်လိုနည်းနဲ့ လှူဒါန်းမှုတွေမှာပါဝင်နိုင်မယ်
🤩 ပစ္စည်းဈေးနှုန်း ကွာဟမှုရှိ၊ မရှိ
🤩 အသုံးပြုနည်းများ စသည်အကြောင်းများကို PCF အစီအစဥ်မှ အပတ်စဥ်အစီအစဥ်တင်ဆက်သူ Wai Yan Aung မှ HFDM မှ တာဝန်ရှိသူတဦးအားဆက်သွယ်မေးမြန်းထားပါတယ်။ ဒီအမေးအဖြေကဏ္ဍကို OFP page မှ ယနေ့ ထုတ်လွှင့်ပြသမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။ OFP နှင့်အတူ PVTV, HDFM page, D-Day Channel နှင့် Wai Yan Aung page များမှလည်း တပြိုက်နက်တည်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
အရေးတော်ပုံမုချအောင်ရမည်။
#SpringRevolution
#PeopleClickForce