“လွတ်မြောက်ရေး တောအုပ်” အမည်ပေးထားတဲ့ သစ်ပင်ဝယ်ယူရင်း ရဲဘော်တွေကို ကူနိုင်တဲ့ ကမ်ပိန်းပြုလုပ်

“လွတ်မြောက်ရေး တောအုပ်” အမည်ပေးထားတဲ့ သစ်ပင်ဝယ်ယူရင်း ရဲဘော်တွေကို ကူနိုင်တဲ့ ကမ်ပိန်းပြုလုပ်
ဇွန် ၃၀ ၊ ၂၀၂၂

တော်လှန်ရေးအလွန်ကာလမှာ ပြည်သူတွေရဲ့ စိတ်နှလုံးကို ခေတ္တခဏအပန်းပြေစေရန် ရည်ရွယ်ပြီး “လွတ်မြောက်ရေး တောအုပ်” အမည်ပေးထားတဲ့ သစ်ပင်ဝယ်ယူရင်း ရဲဘော်တွေကို ကူနိုင်တဲ့ ကမ်ပိန်းကို အာဏာရှင်တော်လှန်ရေးပြည်သူ့ တပ်မတော် (ANTI- DICTATORSHIP REVOLUTION PEOPLE’S ARMY -DRPA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

‘အာဏာရှင်စနစ်ဆိုးရဲ့ လက်အောက်မှလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံပါဝင်နေကြတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးရေးသာမက တော်လှန်ရေးအလွန်ကာလမှာပါ ပြည်သူတွေရဲ့ စိတ်နှလုံးကို ခေတ္တခဏ အပန်းပြေစေရန် ရည်ရွယ်ပြုလုပ်တဲ့ “လွတ်မြောက်ရေး တောအုပ်” အမည်ရ “သစ်ပင်ဝယ်ယူရင်း ရဲဘော်တွေကို ကူနိုင်သော Campaign”ကို ကျွန်တော်တို့ DRPA အဖွဲ့အစည်းနဲ့အတူ မဟာမိတ်အဖွဲ့အစည်းတွေက စတင်ရောင်းချပြီ ဖြစ်တယ်လို့ အသိပေးအပ်ပါ’ ဆိုပြီး DRPA က ထုတ်ပြန်လိုက်တာပါ။

“လွတ်မြောက်ရေး တောအုပ်” Campaign လက်မှတ်တွေကို DRPA အဖွဲ့အစည်းရဲ့ Facebook Page Messenger မှာ ဝယ် ယူနိုင်သလို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ To Comrades – ရဲဘော်များသို့ ( Fundraising Team) ၊ နွေဦးစုဗူး ၊ ပြည်မဒေသများ မဟာမိတ်တပ်ပေါင်းစု (BRAF) အစရှိတဲ့ အဖွဲ့အစည်းတွေဆီမှာလည်း အစောင်အရေအတွက် အကန့် အသတ်မရှိဘဲ ဝယ်ယူနိုင်ပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ ဝယ်ယူမယ့်အဖွဲ့အစည်းရဲ့ Facebook Messenger ကိုသွားပြီးတော့ မိမိဝယ်ယူ လိုတဲ့ အရေအတွက်ကိုပြောပြီး KPay, Wave, AYA pay, CB pay, KBZBanking, Crypto, PayPal အစရှိတဲ့ ငွေပေးချေမှု တွေအပြင် ပြည်ပရောက်နေတဲ့ ထောက်ပံ့သူတွေအနေနဲ့ အဆင်ပြေစေဖို့အတွက်လည်း နိုင်ငံခြားဘဏ်တွေ Digital Payment တွေပါ ထားရှိမှာဖြစ်တဲ့အတွက် အဆင်ပြေဆုံး ငွေပေးချေမှုကို ရွေးချယ် ဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါ တယ်။ ငွေလွှဲပြီးတဲ့အခါမှာလည်း လွှဲပြီးတဲ့အကြောင်း အထောက်အထားကို Page Admin ကို ပေးပို့ရမှာပါ။

ဝယ်ယူထားတဲ့ သစ်ပင်တွေမှာ နာမည်တွေ၊ အမှတ်တရ စာတွေကို ရေးထိုးပေးချင်တယ်ဆိုရင်လည်း Page Admin တွေကို ပြောပြလို့ရသလို လက်တလော လုံခြုံရေးအရ အမည်တွေကို အရေးထိုးမပေးနိုင်ပေမယ့်လည်း တော်လှန်ရေးအ လွန် ကာလတွေမှာ ရေးထိုးပေးသွားမှာဖြစ်တဲ့အပြင် Certificate တွေလဲ တောင်းယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လက်မှတ်စျေးနှုန်းတွေက မြန်မာကျပ်ငွေနဲ့ ၁၃၀၀၀၀ ကျပ်၊ အမေရိကန်ဒေါ်လာ ၇၅ ၊ စင်ကာပူဒေါ်လာ ၁၀၀ ၊ ထိုင်းဘတ် ၂၅၀၀ ၊ ကိုရီးယားဝမ် ၉၂၀၀၀၊ ဂျပန်ယန်း ၉၅၀၀ ကျသင့်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.