လေးကေ့ကော် ဒေသကို ICRC ပထမဆုံးသွားရောက်ခဲ့

လေးကေ့ကော် ဒေသကို ICRC ပထမဆုံးသွားရောက်ခဲ့
ဇန်နဝါရီ ၁၅၊ ၂၀၂၂

ပြီးခဲ့တဲ့ ဒီဇင်ဘာလဲက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီး နေအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ ရာနဲ့ချီမိသားစုတွေရှိတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ကို အခု တပတ်ထဲမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့ မြန်မာက သွားရောက်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ICRC က မြဝတီဘက်ကို ပထမဆုံး သွားရောက်တဲ့ ခရီးဥ်မှာ စောင် ဖျာ တွေ တာပေါ်လင်တွေ ခြင်ထောင်တွေ ရေစစ်အိုးတွေ သန့်ရှင်းရေးနဲ့ ဆေးဝါးပစ္စည်းစတဲ့ အရေးပေါ်ပစ္စည်တွေကို မယ်ထော်သလေး နဲ့ အင်ကြင်းမြိုင်ရွာတွေက နေရပ်စွန့်မိသားစုဆီကို ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

တချို့ လိုအပ်ချိန် အမြန်ဆုံးကူညီဆောင်ရွက်ရာမှာ အရေးပေါ်အထောက်အပံ့တွေကို အသုံးပြုနိုင်ဖို့ ICRC ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီခရီးစဥ်က ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဥ်ပါ၊ အခုဆို မြေပြင်မှာလိုအပ်နေတဲ့ အရေးတကြီးလိုအပ်ချက်တွေကိုလည်း သိရှိခဲ့ရပါတယ်။ အထောက်အပံ့အချို့ကိုပေးဝေနေတုန်းမှာပဲ အစားအစာကအစ နေအိမ်နဲ့ သန့်ရှင်းရေးပစ္စည်းတွေအထိ ထောက်ပံ့ပေးဖို့တွေ၊ လက်ရှိအခြေအနေများကြောင့် ဒီတကြိမ်မှာသွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ ဒေသတွေ အပါအဝင်နဲ့ အခြား လိုအပ်နေချက်တွေကို ကူညီသွားဖို့လည်းလိုအပ်နေပါသေးတယ် ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့ မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွားရောက်ချင်ပါတယ်” လို့ ဒီဒေသကို သွားရောက်ခဲ့တဲ့ ICRC အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ Maxime Zabaloueff က ဆိုပါတယ်။

အဲ့ဒီဒေသမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အခြေအနေ တည်ငြိမ်မှုမရှိပဲ စစ်ရေးတင်းမာနေတာြဖစ်ပါတယ်။

ထောင်ပေါင်းများစွာသော ပြည်သူတွေက မိမိတို့နေအိမ်တွေကိုစွန့်ခွာခဲ့ရပြီး လုံခြုံတဲ့ နေရာတွေကို ရှာဖွေနေကြပါတယ်။

အထူးသဖြင့် လေးကေကော်ဒေသက သူတွေ ဖြစ်ပြီး နေထိုင်ရာနေရာကို ပြန်လည်ရောက်ရှိနိုင်မှု ရှိမရှိမှာလဲ သေချာမှုမရှိတော့ဘူးလို့ ICRC ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Photo Credit – ICRC





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.