လေးကေ့ကော်မှာ နယ်မြေကျူးကျော်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်
◾️ အကြမ်းဖက်စစ်တပ်ဘက်က အသေခံ၊ လက်နက်တွေ အဆုံးခံပြီးမှ နောက်ပြန်ဆုတ်သွား
ဇူလိုင် ၁ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်ဖြစ်တဲ့ လေးကေ့ကော်ဒေသမှာ နယ်မြေကျူးကျော်လာ တဲ့ အကြမ်းဖက်စစ်တပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က အသေခံ လက်နက်တွေ အဆုံးခံပြီးမှ နောက်ပြန်ဆုတ်သွားတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုက ဇွန် ၂၉ ရက် ည ၆ နာရီခွဲအချိန်ခန့်မှာ လေးကေ့ကော်ဒေသရဲ့ တောင်ကုန်း တစ်ခုကို ၄၀မမ၊ ၈၁ မမ၊ ၁၂၀ မမ အစရှိတဲ့ လက်နက်ကြီးပစ်ကူတွေ ပစ်ပြီးတော့ ကျူးကျော်ဖို့ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုကျူးကျော်မှုပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ည ၁၀ နာရီခွဲခန့်အချိန်မှာ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က အဲဒီနေ့ည ၁၁ နာရီခန့်မှာပဲ ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့ရာ ကော်ဘရာစစ်သည် တွေနဲ့ ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထပ်မံဆုတ်ခွာ ထွက်ပြေးကြရပါတယ်။
အဲဒီနောက်မှာ ဇွန် ၃၀ ရက် မနက်လင်းအားကြီး ၁ နာရီခန့်လောက်မှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရွှေညောင်ပင် ကြက် ကင်ကုန်းကနေ ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်သည်နှစ်ဦး မစိုးရိမ် ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က ၂ ဦးသေပြီး ၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရတယ်ဆိုတာနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ၆၀) မမ ဗုံးသီး (၄)လုံး၊ (၄၀) မမ ဗုံးသီး တစ်လုံး၊ RPG ဗုံးသီးနဲ့ ယမ်းတောင့် (၁) ခု သိမ်းဆည်းရမိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။