လေးကေ့ကော်ဒေသကို အကြမ်းဖက် စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်၊ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုဖြစ်

လေးကေ့ကော်ဒေသကို အကြမ်းဖက် စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်၊ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုဖြစ်
ဒီဇင်ဘာ ၂၅၊ ၂၀၂၁

ဒူးပလာယာခရိုင်၊ လေးကေ့ကော်ဒေသကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာက အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU က ကုလသမဂ္ဂကို လေကြောင်းပျံသန်းမှုဇုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လေကြောင်းနဲ့ ဗုံးစတင်တိုက်ခိုက်ခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီးဝန်းကျင်နဲ့ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၄ နာရီ ဝန်းကျင်တို့မှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေမယ့်လည်း ဒီဇင်ဘာ ၂၅ ရက် ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အရပ်သားတွေ သေဆုံး ဒဏ်ရာ ရတာတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာထဲမှာ ရွာသားတချို့ကျန်နေတာရှိတယ်။ လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန်မှာ အဲဒီရွာသားတွေကိုထိခိုက် ဒဏ်ရာရတာတွေ ရှိလာ တယ်။ တစ်ယောက်သေတယ်။ တချို့က ၃ ယောက်သေတယ်နဲ့ ပြောနေကြတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ ကေအိုင်စီကတော့ လေကြောင်းပစ်တာကို မွန်းလွဲ ၁ နာရီလောက်က စတင်ခဲ့တာဖြစ်ကြောင်းနဲ့ ပြည်သူတွေ နေတဲ့ နေရာတွေကို အဓိက ပစ်တာလို့ ရေးသားထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဖလူးကြီးကျေးရွာ၊ မယ်ဝါးခီးကျေးရွာနဲ့ လေးကေကော် ရပ်ကွက်(၆) အနောက်ဘက်ကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၅၀ ထက် မနည်း ပစ်ခတ်ပြီးနောက် မွန်းလွဲ ၁နာရီခွဲခန့်မှာ စစ်လေယာဉ်နဲ့ ထပ်မံပစ်ခတ်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအများစုနဲ့ သေဆုံးခဲ့သူတွေက ထီးမဲဝါးခီရွာက ဖြစ်တယ်လို့လည်း သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.