လေးကေ့ကော်တိုက်ပွဲမှာ ခံစစ်ရှင်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အသာစီးယူထားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော‌ကြား

လေးကေ့ကော်တိုက်ပွဲမှာ ခံစစ်ရှင်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အသာစီးယူထားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော‌ကြား
ဒီဇင်ဘာ ၂၉၊ ၂၀၂၁

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေအပါအဝင် လေယာဉ်တွေပါအသုံးပြုပြီး တိုက်ခိုက်နေတဲ့ လေးကေ့ကော်တိုက်ပွဲ မှာ တော်လှန်ရေးရဲဘော်တွေက ခံစစ်အရှင်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အသာစီးယူထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြောကြးလိုက်ပါတယ်။

“ဒီတိုက်ပွဲမှာ ကျနော်တို့ သိလိုက်ရတာ တခုရှိပါတယ်။ အဲဒါကတော့ စစ်ကောင်စီရဲ့ စစ်အင်အားနဲ့ပတ်သက်လို့ သူ့ရဲ့ကြည်း တပ်ဟာ တော်တော်ချည့်န့နေပြီဆိုတာကို တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုမပါရင် စစ်မတိုက်ရဲတော့ဘူးဆိုတဲ့ အနေ အထားပေါ့။ ကျနော်တို့ တော်လှန်ရေး ရဲဘော်အားလုံးကတော့ ခံစစ်ရှင်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အသာစီးယူပြီးတော့ စနစ်တကျ ခုခံတော်လှန်နေတာလို့ ပြောလို့ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနဲ့ မေးမြန်းခန်း မှာ ပြောကြားလိုက်တာပါ။

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်ကို အကြမ်းဖက်စစ်တပ်က စတင် တိုက်ခိုက်ခဲ့တာဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတခုအပေါ် သဘောတူညီချက် ဖောက်ဖျက်ကျူးလွန်မှုတစ်ခုလည်းဖြစ်ပါတယ်။

“NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတခုအပေါ်မှာ သဘောတူညီချက် ဖောက်ဖျက်ကျူး လွန်မှုပဲပေါ့။ KNU/KNLA အနေနဲ့ ကျနော်တို့မြင်သလောက် စစ်ကောင်စီရဲ့ ကျူးကျော်မှုကို သူတို့အနေနဲ့လည်း ခုခံတွန်းလှန် ဖို့အတွက်နည်းကလွဲလို့ တခြားမရှိဘူးပေါ့။ အဲတော့ PDF တွေအနေနဲ့ မူလက ဒီဧရိယာမှာ စစ်တိုက်ဖို့ ရည်ရွယ်ချက်မရှိပါ ဘူး။ ဒါကြောင့်လည်း သူတို့ကို သေသေချာချာ လက်နက်တပ်ဆင်ပေးထားတာမရှိခဲ့ဘူးပေါ့။ အခုတော့ အခြေအနေက တောင်းဆိုလာလို့ PDF တွေလည်း မဟာမိတ်နဲ့ လက်တွဲပြီးတော့ ဒီဧရိယာမှာ တိုက်ပွဲဝင်နေကြပါပြီ။ လိုအပ်တဲ့ လက်နက်ခဲ ယမ်းဖြည့်တင်းမှုကိုလည်း မဟာမိတ်များနဲ့ပူးပေါင်းပြီးတော့မှ တောက်လျှောက်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း အသိ ပေးလိုပါတယ်” လို့ ဦးရည်မွန်က ပြောထားပါတယ်။

ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်ဖြစ်စဉ်က စစ်ကောင်စီရဲ့ အင်အားသုံးအကြမ်းဖက်မှုကို ထင်ဟပ်စေတဲ့ ပြယုဒ်တခု လို့လည်း မှတ်ချက်ပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်က လေးကေ့ကော်မြို့အပါအဝင်၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူနဲ့ ပဟိကလော် ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တဲ့အပြင် လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာ သားတွေ သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့တဲ့အပြင် လူဦးရေ တစ်သောင်းကျော်လောက်လဲ စစ်ဘေးရှောင်နေရ တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Add your reaction

  1. Glee တွေဦးဆောင်တော့ …အောင်မြင်တယ်ဆိုတာက လေပေါ်မှာပဲရှိတယ်…မြေပြင်မှာက PDF တွေအသက်ပေးနေရတယ် တူမီးတောင် လူတိုင်းမရှိကြဘူး

  2. လီးပါပဲလို့ ခု အားလုံးပြေးနေရတယ် တစ်ချို့ pdf ရဲဘော်တွေ ထိုင်းဘတ်ထိပြေးနေရတယ် ခင်ဗျား မြေပြင်အခြေနေမသိပဲ မပြောပါနဲ့ဗျာ

  3. အဲ့ဒါကလဲ KNU KNLA အဖွဲ့ကြီးရဲ့ စစ်ရေး အတွေ့အကြုံ ဦးဆောင်မှု့ကြောင့်လဲပါပါတယ်။တိုင်းရင်းသား တပ်တွေရဲ့ စစ်ရေးဦးဆောင်မှု့က အဓိကပါ

  4. ရည်မွန် ရည်မွန်

    ခင်ဗျားတို့လည်း စစ်ကောင်စီ လော်ဘီ ကျော်စွာတို့ ဖိုးစီတို့နဲ့ သိပ်မကွာလှတော့ဘူး။ တကယ်ကို ရွံရှာစက်ဆုပ်စရာကောင်းတဲ့ NUG ကကောင်တွေ။ ငါမတရားမှုကို ငုံ့မခံနိုင်လို့ ထ ပုန်ကန်ကြတဲ့ မြေပြင်က ရဲဘော်တွေကိုပဲ သနားတယ်။ သူတို့တွေ မင်းတို့ကို ယုံကြည်ခဲ့ကြတယ်။ ကိုယ်မေကိုယ် Lol တဲ့ MOD…

    ဒီတော်လှန်ရေး အရေးနိမ့်ခဲ့ရင် မင်းတို့ကောင်တွေ ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်နေနေ ‌မြေပြင်က ကျဆုံး PDF တွေရဲ့ ပုံတွေကို ပြန်မြင်ယောင်မိရင်း ညဖက်ဆို အိပ်မပျော် တစ်ဘ၀လုံး အပြစ်ရှိသလို ခံစားသွားရရင်း လောကမှာ မျက်နှာမဖော်နိုင်ကြပါစေနဲ့

  5. ဦးရေမွေရဲ့ လေတပ်မတော်ကြီး ချီတက်လာပြီ ပြေးနိုင်မှ လွတ်မယ် ရှောင်ကြလော့ ရှားကြလော့ အို… မအလ ခွေးဝဲစား မအလကျွန် မသာလောင်းအပေါင်းတို့😁

  6. မနက်၁၀နါရီဝန်းကျင်ခန့်လေတပ်စခန်းဘက်မှစစ်လေယဥ်နှစ်ထွက်ခွားသွားတယ်..ပြည်သူတွေနဲ့ကာကွယ်ရေးတပ်တွေဘေးကင်းကြပါစေ..

  7. ပြည်​သူ​တွေနဲနိုင်းငံတကယအလှူယူပိစစ်​တိုက်​နိုင်းဆိုတာဟာသဘယ်​ဖစ်​မယ်​​နော်

  8. NUG က အခုထိ တိကျပြတ်သားတဲ့ အလုပ်လုပ်တာမတွေ့ရသေးဘူးတိကျတဲ့ဆံုးြဖတ်ချက်လဲမချန်ုင်သေးဘူး

  9. လီးပဲလို့ ငါလိုးမလူးကြီး
    လက်နက်မဲ့ pdf လေးတွေ စစ်ဘေးရှောင်နေရတာ
    ခင်ဗျား မမြင်ဘူးဘူးလား
    ကော်ဖီဆိုင်မှာ သောက်ရင်း
    နှပ်နေတာလား

  10. ရိပ်ခါတောင်မှလိုက်တောင်းနေရတယ်ဆိုကတည်းက NUG သိပ်မဟုတ်တော့ဘူးနော်

  11. ငွေတိုက်စာချုပ်သန်းပေါင်းများစွာရောင်းရတယ်ဆို ပိုင်ဆံမြင်လိုက်မျက်လံုးပြူးသွားကြတာလား

  12. အစိုးရနဲ့လွှတ်တော်မ ရှိမှတော့”ဒီဟာ” ကို ထည့်မပြောကြပါနဲ့ တော့၊

  13. ကိုရည်မွန်ပြောတဲ့ပို့စ် ပြန်မဖျက်နဲ့နော် 😂

  14. ရာသီလာနေတဲ့ ပါးစပ်က ပြောထွက်တာ ဒါနဲ့ ထမင်းမကြော်တော့ဘူးလား ဟ😅😂

  15. အရင်က စခန်းရှိတဲ့ KNU တောင် pdf နဲ့ပေါင်းလို့ ခံစစ်ရှင် ကျင့်သုံးရပြီး NUG အောက် ရောက်သွားရတဲ့ သင်ခန်းစာကို ယူကျလော့ EAOS အပေါင်းတို့…၊ စိတ်ဓာတ်တွေ အရမ်းမြင့်နေမှာပေါ့….😁😁😁

  16. ဟိုတယ်နဲ့နုပ်နေသောNUG
    ခေါင်းဆောင်များနဲ့ခေတ်အဆက်ဆက်နိုင်ငံရေးလုပ်စားပြီးဒေါ်လာသန်းရာကျော်အိတ်ထဲပိုက်နိုင်သောKNUခေါင်းဆောင်များ
    ကြောင့်ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်မည့်မျိူးဆက်သစ်များအများကြီးဆုံးရှူံးပြီ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.