လေးကေကော် မယ်ထော်သလေးရွာ မေတ္တာလင်းမြိုင်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းများ၊ အများပြည်သူပိုင်နေရာများပျက်စီး
ဒီဇင်ဘာ ၁၉၊ ၂၀၂၁
လေးကေကော် မယ်ထော်သလေးရွာ မေတ္တာလင်းမြိုင်တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းထိုးစစ်ကို
KNLA+KNDO+KNDF+PDF တို့ ပူးပေါင်းခုခံလျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး အမြောက်အများသုံး ပစ်ခတ်မှုကြောင့်
အများပြည်သူပိုင်လမ်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများအတွင်း လက်နတ်ကြီးထိမှန်ကာ ပျက်စီးမှုများရှိနေတယ်လို့ သိရပါတယ်။
လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ထွက်ပြေးရတဲ့ ဒေသခံ စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့်ဟာ ဖလူးရွာဘက်မှတဆင့် ထိုင်းနိုင်ငံဘက်ကူးရန် ပြင်ဆင်နေကြတယ်လို့လဲ သတင်းရရှိပါတယ်။
အဆိုပါတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်တပ်သား (၅၀) ဦးနီးပါးသေဆုံးပြီး လက်နက်ခံယမ်းတွေလဲ အမြောက်အများ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ – စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)
#SpringRevolution
#PVTV
#PVTVNews