လောင်းလုံးမှာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ဇူလိုင် ၁၉ ၊ ၂၀၂၂
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် တော်လှန်လူငယ်တစ်စုက အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေး သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်လူငယ်တွေက “အာဇာနည်နေ့နှင့်အတူ ကြောက်စိတ်ကိုဖျောက်၍ ကြောက်ခေတ်ကို မှောက်ပစ်ကြစို့” ၊“19 JULY မမေ့နိုင်“ အစရှိတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေး သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။