လောင်းလုံးမြို့မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၁၁ ၊ ၂၀၂၂
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက ‘အနီရောင်လွှမ်းတဲ့ တနေ့ အာဏာရှင် ဆိတ်သုဉ်းခြင်း နမိတ်’ ဆိုတဲ့စားသားအပြင်‘နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု’ ဆိုတဲ့စာသားတွေပါ ကိုင်ဆိုင်ပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ချီတက်လှည့်လည်ခဲ့ကြတာပါ။
ဆန္ဒပြလှုပ်ရှားမှုကို အခြေခံပညာ ကျောင်းသားတွေ၊ တော်လှန်လူငယ်တွေ၊ LGBT တွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ‘ဆိုရှယ် ဒီမိုကရက်တစ်’ စာစဉ်တွေလည်း ဝေငှခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။