“လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အခုလက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သမိုင်းမဝင်၊ မှတ်တမ်းမတင်မဖြစ်ဖို့အတွက် အချက်အလက်တွေကို သေချာစုဆောင်းဖို့လုပ်ဆောင်နေပါတယ်။ ဒါက ဘာလဲဆိုတော့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့ အမှန်တရားကို ရှာဖွေခြင်းပါ။ တကယ်လို့ ကျတော်တို့အနေနဲ့ အသွင်ကူးပြောင်းရေးကာလရောက်ရှိလာတဲ့အခါမှာ လမ်းပေါ်မှာ အသက်ပေးခဲ့ရတဲ့လူတွေ ထောင်သွင်းအကျဉ်းချခံရပြီး ဒုက္ခရောက်နေရတဲ့သူတွေ၊ တိုင်းရင်းသားဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ၊ တိုင်းရင်းသား ဒုက္ခသည်တွေ၊ လူမျိုးစုအလိုက် (လူ့အခွင့်အရေး)ချိုးဖောက်ခံရတဲ့ လူတွေရဲ့ အဖြစ်အပျက်တွေ စုဆောင်းထားရှိမှာပါ။ တချိန်မှာ ဒီအဖြစ်အပျက်တွေအတွက် တရားမျှတမှုကို ရှာဖွေမှာဖြစ်ပါတယ်”
ဦးအောင်မျိုးမင်း
ပြည်ထောင်စုဝန်ကြီး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
#SpringRevolution
#PVTV
Like – 5.3K Share – 474