“လာမယ့်နွေဦးဟာ ငါတို့အောင်ပွဲ”
ချစ်ဆုံးချစ်သူ
စိတ်ကူးနှင့် မှန်းကြည့်စမ်း
ဒီတစ်ခါပွင့်မယ့်
နွေဦးပန်းတွေဟာ
ဘယ်လောက်လှနေမလဲဆိုတာ။
နွေဦးအလှအောင်ပွဲကို
လမ်းမထက်တက်ကြည့်တဲ့အခါ
အလှကြည့်ရုံအုပ်စုထဲ
Gen Lee တွေစာရင်းထဲ
ဘေးထိုင်လူ့မလိုင်အဖွဲ့ထဲ
မပါစေနှင့်ချစ်သူ။
ကိုယ့်သမိုင်းကိုယ်ရေး
လုပ်စရာလက်မနှေး
ဒီအတိုင်း
ဖြည်းဖြည်းမှန်မှန်ဆက်လုပ်
တော်လှန်ရေးအောင်ပွဲဟာမဝေး
ချစ်သူတွေ
ပေးဆပ်သူတွေပြန်ဆုံကြမယ့်ပွဲမို့
ဒီကြားထဲ အားတင်းတောင့်ခံ။
ဒီတော်လှန်ရေးဟာ
ငါတို့တော်လှန်ရေး
ငါလုပ်နိုင်တာလုပ်ပေးမယ့်
ငါဟာနွေဦးစစ်သည်တစ်ဦးပဲ
ငါဟာ သူပုန်ဖြူတစ်ကောင်ပဲ
ဒီခံယူချက်နှင့်
နွေဦးတော်လှန်ရေးမှာ
ငါတာဝန်ကျေခဲ့တယ်ဆိုတဲ့
ဂုဏ်ဒြပ်
သမိုင်းမှတ်တိုင်စိုက်ကြမယ်။
ဒီတစ်ခါ နွေဦးအလွန်
ပြန်ဆုံကြတဲ့အခါ
အချစ်တွေပြိုင်တာထက်
တော်လှန်ရေးမှာ
ငါဘာလုပ်ခဲ့တယ်ဆိုတာ
ပြိုင်ကြရအောင် … ချစ်သူ။
သူပုန်ဖြူ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်
#SpringRevolution
#PVTV
#pvtvpoetry
#ArtofRevolution