လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ ထည့်သွင်းစဉ်းစားပေးဖို့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်တောင်းဆို

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ ထည့်သွင်းစဉ်းစားပေးဖို့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်တောင်းဆို
ဇူလိုင် ၁ ၊ ၂၀၂၂

၇ ကြိမ်မြောက် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပြီးတော့ အဲဒီပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ ထည့်သွင်းစဉ်းစားပေးဖို့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပထမအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ ဆန်နျာ ကြေငြာစာတမ်း (The Sanya Declaration ) ပါအခြေခံမူများ အထူးသဖြင့် ” လန်ချန်း-မဲခေါင် ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ သာယာဝပြောရေးဆိုင်ရာကတိကဝတ်များ” ၊ “ပွင့်လင်းမှုနှင့် အားလုံးပါဝင်နိုင်မှု စိတ်ဓာတ်” နဲ့ အာဆီယံ အသိုက်အဝန်း တည်ဆောက်မှုရဲ့ ဦးစားပေးကဏ္ဍတွေကို မြှင့်တင်ဖို့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ရဲ့ ကတိကဝတ်ပြုမှု” စတဲ့ အခြေခံမူတွေအပေါ်မှာ ဆက်လက် ကတိကဝတ်ပြုလိုပါတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအခြေခံမှုတွေနဲ့ စပ်လျဉ်းပြီး ဆန်နျာကြေငြာစာတမ်း (The Sanya Declaration ) မှာ ဖော်ပြထားတဲ့ အစီအမံ ၂၆ ခုတို့ရဲ့ စဉ်ဆက်မပြတ်တိုးတက်နေစေဖို့ အမျိုးသား ညီညွတ်ရေး အစိုးရက ဆက်လက်လုပ်ဆောင် လိုတဲ့ဆန္ဒရှိပြီး၊ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်ရဲ့ အမြဲတမ်းပူးတွဲ ဥက္ကဌဖြစ်တဲ့ တရုတ်နိုင်ငံအား အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။

တောင်းဆိုထားတဲ့ အချက်တွေက ၅ ချက် ဖြစ်ပြီးတော့ အဲဒီအချက်တွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက တရားမဝင် အစိုးရဖြစ်တဲ့အတွက် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ အကြမ်းဖက်စစ်ကောင်စီ ပါဝင်ပတ်သက်မှု အားလုံးကို တားမြစ်ရမယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဖြစ်စေ၊ အကြမ်းဖက်စစ်ကောင်စီဖြစ်စေ လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးကို ကျင်းပဖို့ ကြိုးစားတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ချိုးဖောက်ကျူးလွန်တာဖြစ်ပြီးတော့ မြန်မာလူမှုအသိုက်အဝန်းတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးရာရောက်တယ်လို့ ဖော်ပြထားသလို အာဆီယံအ နေနဲ့လည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ကိုယ်စားပြုခြင်းမရှိတဲ့ ကိုယ်စားလှယ်ကိုသာ နိုင်ငံခြားရေးဝန်ကြီး အစည်း အဝေးတွေနဲ့ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်ပြုတယ်ဆိုတာကို ပြီးခဲ့တဲ့မှာ ဆုံးဖြတ်ထား တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာ နိုင်ငံ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နဲ့ ပူးတွဲဥက္ကဌ အခန်းကဏ္ဍနဲ့ စပ်လျဉ်းပြီး နိုင်ငံရဲ့တာဝန်အားလုံးကို ထမ်းဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ထုတ်ပြန်ချက်ထဲမှာ တရုတ်ကုမ္ပဏီနယ်မြေတွေနဲ့ စီမံကိန်းနေရာတွေမှာ တပ်သားတွေချထားတာက အကြမ်းဖက်စစ်အုပ်စုက နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပိုင်ဆိုင်မှုတွေကို လက်နက်အဖြစ် အသုံးချရန် စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ဖော်ပြထားသလို အကြမ်းဖက် စစ်အုပ်စုရဲ့ ရည်ရွယ်ချက်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်အဖြစ် ဒါမှမဟုတ် ပြည်သူလူထု အသိုက် အ၀န်းတွေအပေါ် စတင်တိုက်ခိုက်နိုင်မဲ့ “ဘေးကင်းစိတ်ချနိုင်သည့်နေရာ” အဖြစ်အသုံးပြုဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်သားတွေက တရုတ်စီမံကိန်းနေရာတွေပေါ်မှာ အခြေစိုက်ရန် ခွင့်ပြုတာက တရုတ်ကုမ္ပဏီတွေကို ဒေသခံပြည်သူတွေက ပြည်သူ့ရန်သူကို ထောက်ပံ့ကူညီသူတွေအဖြစ် ပိုမိုထင်မြင်နေတယ်လို့ ဆို ထားပါတယ်။ တရုတ်အစိုးရအတွက် ပိုင်ဆိုင်မှုတွေကို ဘေးကင်းရေးနဲ့ လုံခြုံရေးကို သေချာစေရန်အကောင်းဆုံး နည်းလမ်းက ထိုပိုင်ဆိုင်မှုနေရာတွေမှာ အကြမ်းဖက်စစ်အုပ်စုကို အသုံးပြုမှုကနေ ရှောင်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမှသာ နိုင်ငံတွင်းက တရုတ်ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေနဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအတွက် ပိုမိုလွယ်ကူလာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

နောက်ဆုံး အချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်တဲ့ လန်ချန်း-မဲခေါင်ဒေသရဲ့ ပေါင်းစည်းထားသော တရားဥပဒေစိုးမိုးရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးဗဟိုရဲ့ လှုပ်ရှားမှုတွေမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ပါဝင်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆို ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွင်း အပြုသဘော ဆောင်တဲ့အခန်းကဏ္ဍမှ ပါဝင်ကြောင်းသေချာစေရန်အတွက် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်တို့က တရုတ်နိုင်ငံကို ပံ့ပိုးကူညီမှု ပေးဖို့ တောင်းဆိုခဲ့တဲ့အတိုင်း ထပ်မံတောင်းဆိုတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.