လက်နက်စွန့်ခွာ ထွက်ပြေးသွားတဲ့ အာဏာသိမ်းစစ်တပ်က လက်နက်ခဲယမ်း​တွေ MNDAA သိမ်းဆည်းရမိ


လက်နက်စွန့်ခွာ ထွက်ပြေးသွားတဲ့ အာဏာသိမ်းစစ်တပ်က လက်နက်ခဲယမ်း​တွေ MNDAA သိမ်းဆည်းရမိ

ဇန်နဝါရီ ၃၊ ၂၀၂၂

ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသကို အပြင်းအထန် တိုက်ခိုက်ရာ MNDAA ဘက်က ခုခံနိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီအများအပြားသေဆုံးတာအပြင် လက်နက်စွန့်ခွာ ထွက်ပြေးသွားတာကြောင့် MNDAAဘက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ပါတယ်။

မနက်ပိုင်း ၉ နာရီခွဲလောက်ထဲက စစ်တပ်နဲ့ MNDAAတို့အကြား တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး၊ မိုင်း ၊ လက်ပစ်ဗုံး သေနတ်နဲ့ ကျည် လက်နက်ခဲယမ်းမျိုးစုံ ဖုန်း ၆ လုံးအပြင် Power Bank၊ စကားပြောစက် ၅ လုံး၊ ဆိုလာပြား၊ ဘက်ထရီ၊ယူနီဖောင်း ခြင်းကြား အလုံး(၂၀)၊ ကျောပိုးအိတ် (၃)လုံးစတဲ့ အသုံးအဆောင်ပစ္စည်း တွေကိုပါ သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ဩဂုတ်လထဲက တိုက်ခိုက် ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNew
Video Credit – The Kokang

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.