ရှေ့တန်းထွက်ပြီး စခန်းကို ပြန်ရောက်လာတဲ့ ကျားဖြူတပ်ခွဲရဲ့ မှတ်တမ်းပုံရိပ်တွေ
ဇူလိုင် ၉ ၊ ၂၀၂၂
တာဝန်ကိုယ်ဆီနဲ့ ရှေ့တန်းစစ်မျက်နှာကို လေးလနီးပါထမ်းဆောင်ပြီး မိခင်တပ်ဆီပြန်ရောက်လာတဲ့ သူတွေကို ကျားဖြူ တပ်ခွဲက ရဲဘော်တွေက အချင်းချင်းပွေ့ဖတ်ဂုဏ်ပြုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကျားဖြူတပ်ခွဲက ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
‘နွေးထွေးတဲ့မိဘအိမ်ပြန်နိုင်တဲ့တစ်နေ့….၊ ချစ်ရသူတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်တဲ့တစ်နေ့…၊ အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ဖြတ်တိုက်ထုတ်နိုင်တဲ့တစ်နေ့…၊ ကမ္ဘာစစ်ကြီးကို အောင်နိုင်သူတွေရဲ့ပျော်ရွှင်ခြင်းထက် ခမ်းနားမယ့်တစ်နေ့… အော်ဟစ်ရယ်မောသံတွေနဲ့ တစ်တိုင်းပြည်လုံးသောသောညံနေမယ့်တစ်နေ့… ပင်ပန်းခက်ခဲလာကြတာသိပေမယ့် မဝေး တော့တဲ့တစ်နေ့အတွက် ဆက်လက်တိုက်ပွဲ၀င်သွားကြရအောင်လားခင်ဗျာ။’ လို့ ကျားဖြူတပ်ခွဲ ၁ ရဲ့ သတင်းနဲ့ ပြန်ကြား ရေးက မှတ်ချက်ပြုရေးထားပါတယ်။
ကျားဖြူတပ်ခွဲအနေနဲ့ ကူညီထောက်ပံ့မှုတွေ များစွာ လိုအပ်နေတာမို့ ကူညီထောက်ပံ့ပေးကြဖို့အတွက်လည်း မေတ္တာရပ် ခံထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။