ရှေ့တန်းစစ်မြေပြင်ရောက် ခမရ(၁၀၂)မှ တပ်သား ၅ဦးပြည်သူ့ရင်ခွင်ခိုလှုံလာ၍ KNUက နွေးထွေးစွာ ကြိုဆို

ရှေ့တန်းစစ်မြေပြင်ရောက် ခမရ(၁၀၂)မှ တပ်သား ၅ဦးပြည်သူ့ရင်ခွင်ခိုလှုံလာ၍ KNUက နွေးထွေးစွာ ကြိုဆို
ဇူလိုင် ၁၁ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြ၀တီမြို့နယ်ဖလူးဒေသ စစ်မြေပြင်သို့ ရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်သား ၅ဦး ဟာ ဇူလိုင် ၉ရက်မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပါတယ်။

ဖလူးဒေသ စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ခမရ (၁၀၂)က ရဲဘော်တွေဖြစ်တဲ့ ဇော်ထက်အောင်၊ ကိုယ်ပိုင်အမှတ်(တ- ၅၆၁၈၂၄)၊ အောင်ကျော်ထူး (တ-၅၆၆၁၈၁)၊ အောင်ငြိမ်းချမ်း (တတ-၁၂၄၉၇၉)၊အောင်အောင်(တတ-၁၂၄၉၇၈)၊ ရဲမြင့်မြတ် (တ တ-၁၂၅၉၉၅) တို့ဟာ ထွက်ပြေးတိမ်းရှောင်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့အပေါ် KNUက နွေးထွေးစွာ ကြိုဆိုပြီးလွတ်မြောက်နယ်မြေ ကို ပို့ဆောင်ပေးခဲ့တာပါ။

အဲဒီ ရဲဘော်တွေ ပြည်သူ့ရင်ခွင်ခိုလှုံလာတာကို ပြည်သူ့ရင်ခွင် (People’s Embrace)အ ဖွဲ့ ကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြောင်း သူတို့ရဲ့ Facebook စာမျက်နှာကနေ ဖော်ပြပါတယ်။

KNU တပ်မဟာ(၆)နယ်မြေမှာ ရှိတဲ့ ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်တစ်ဦးကလည်း “ ညီလေးတို့ရွေးတဲ့ လမ်းကြောင်း မှန်သွားတယ်။ ထွက်မပြေးဘဲ ရှေ့ဆက်တက်ရင် အကိုတို့နဲ့ တွေ့ပြီ။ အခုတော့မင်းတို့လုံခြုံသွားပြီ” ဟု ရေးသားကာ ပြည်သူနဲ့ပူးပေါင်းလာတဲ့ ရဲဘော် ၅ဦး ဝိုင်းဖွဲ့ပြီး ထမင်းစားနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။

KNU တပ်မှူး ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းဟာ မြ၀တီမြို့နယ် လေးကေ့ကော် ဒေသနဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဒေသက စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ရာမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.