ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား

ရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီဟာ လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ ပိုလုပ်လာရဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ပြောကြား
ဒီဇင်ဘာ ၈ ၊ ၂၀၂၁
အကြမ်းဖက်စစ်ကောင်စီဟာ ရှုံးနိမ့်မှုတွေကြောင့် အမျိုးမျိုးဖိနှိပ် ရက်စက်အကြမ်းဖက်တဲ့ အနေအထားမျိုးတွေ ပိုမိုတွေ့လာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
ယနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ လတ်တလော စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် မီးမောင်းထိုး ပြောကြားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဆန္ဒပြလူငယ်တွေကို နောက်မှ ကားဖြင့်ဝင်တိုက်တာ၊ အပြစ်မဲ့ရွာသားတွေကို မီးရှို့သတ်ဖြတ် တာတွေ လုပ်ဆောင်ခဲ့ရာ ဒီလိုအဖြစ်အပျက်တွေဟာ ရင်နာစရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ အပြုအမူတွေဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်လက်ရှိနေတာဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနိုင်သကဲ့သို့ NUG အစိုးရအဖွဲ့အတွက် လည်းအလွန်ဝမ်းမြောက်ဂုဏ်ယူစရာ အခြေအနေဖြစ်ကြောင်းဝန်ကြီးချုပ်က ပြောပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊ အတွင်းဝန်တွေနဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ကာ မြေပြင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုအခြေအနေ၊ နယ်မြေဆိုင်ရာအုပ်ချုပ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Add your reaction

  1. ဥပ​ဒေအတိုင်း စီရင်​ပေးပါ

    အာဂျင်တီးနား နိုင်ငံတွင် အကြမ်းဖက် စစ်‌ကောင်စီအား တရားစွဲဆိုထားမှုကို မြန်မာပြည်သူလူထုနှင့်လက်တွဲပြီး တွန်းလှန်ကာကွယ်သွားမည်ဟု ဦးသန်းဌေး ဦးဆောင်သည့် နိုင်ငံရေးပါတီ၂၃ပါတီက ကြေ ငြာချက် ထုတ်ပြန်ထားသည်ကို မြန်မာပြည်သူ တစ်ယောက် အနေဖြင့် ကန့်ကွက်ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မြန်မာပြည်သူလူထု၏ သဘောထားနှင့် လုံးဝ(လုံးဝ) ကိုက်ညီခြင်း မရှိပါ။(ဦးသန်းဌေးပြောသည့် မြန်မာပြည်သူ လူထုထဲ ကျွန်ုပ်မပါဝင်ပါ)

    ————————————

    In Argentina, the Burmese Terrorist Council has been sued. In this regard, As a Burmese citizen, I object to the statement issued by 23 political parties led by Than Htay. This statement does not (at all) coincide with the views of the Burmese people.

    #RejectMilitaryCoup
    #wewantjusticeformyanmar

  2. မအလ မင်းအောင်လှိုင်….သတ္တိရှိရင်နာတို့အမေစုကိုလွှတ်ပေး….

  3. ဘောလုံးပွဲတစ်ပွဲမှာရှုံးမဲ့အသင်းဟာလူချကစားတာထုံးစံပဲ။

  4. တခါတလေ ပွဲက ကြမ်းလာတဲ့အခါ ကဗျာလွတ်တွေ ကရတယ်။ ကကွက်ကို မနိုင်တော့ ရမ်းလုပ်ရတယ်။ ပွဲကို ထိန်းချုပ်သူက ကိုယ်မဟုတ်တော့ပဲ တဘက်ကလူဖြစ်သွားတဲ့အခါ ရှက်ရမ်းရမ်းတော့တာပေါ့။
    မအလ ခု ရှက်ရမ်းရမ်းနေပြီ။
    မအလ ဇာတ်မနိုင်တော့ဘူး။ ပွဲ ကြည့်ပရိတ်သက်က ခဲနဲ့ပေါက်တာခံရပြီ။ စင်ပေါ်က ဆင်းရတော့မယ်။
    ဇာတ်ခေါင်းကွဲရင် လူရွင်တော်တွေ အလုပ်လက်မဲ့ ဖြစ်တော့မယ်။ ဇာတ်ညွန်းဆရာ ဘာတွေ ကြံဦးမလဲ။
    စာဖတ်နေသူကြီး မျက်ခုံးလှုပ်နေသလိုပါပဲ။ သူ့သမတ်က PR တွေလုပ်နေတာမြင်ရနေပြီ။

  5. ဟုတ်ပါတယ် သူတို့ရဲ့ အကွက်ကပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်ပီး pdf တွေ မထွက်ထွက်အောင်လုပ်နေတာ…pdf တေကိုမနိုင်တော့ ကုလားမနိုင်ရခိုင်မဲဆိုသလိုပဲ….

  6. အမြန်ပြန်တိုက်နိုင်အောင်ကြိုးစားပေးကြပါ အပြစ်မဲ့ပြည်သူတွေလူငယ်တွေအထိနာနေပါတယ် လက်နက်ကိုင်များကျေးဇူးတင်ပါတယ်

  7. မြန်မြန် လေးနိုင်မှဖြစ်မယ် အမေစုကိုမြန်မြန်သာကယ်ပေးကြပါ အရေးတော်ပုံအောင်ရမည်

  8. ခွေးပြေးပြေးနေရတဲ့ကောင်က. မေးသလိုပေါ့
    ကြောက်ပြီလားတဲ့
    အခြေနေမဲ့က. ဘယ်သူလည်း

  9. ပေးဆပ်မူတော့ရှိမယ်
    သေခါနီးဆို ဆန်ငင်ဆန့်ငင်ဖြစ်တယ်

  10. ဒီမနက် datal charges ဈေးတွေတော်တော်မှစိမ့်ရဲ့လား😪

    မင်းတို့သိပ်မုန်းတဲ့ အဖွားကြီးလက်ထက်မှာ
    အင်တာနက် Data ၁၀၀၀ဖိုး 5 GB ၊
    On net ဖုန်း အဝပြောတစ်လ ၁၀၀၀ ၊
    ကြိုက်တဲ့ စလောင်းတပ် အတားအဆီးမရှိfree ၊
    ကြိုက်ရာChannelကိုဖွင့်ပြီး NLDကိုဖောင်းထုနေတဲ့
    ယောမင်းကြီးစကားဝိုင်းကို အသံကုန်ဖွင့်ကြည့်
    အကုန် easy…

    ကြက်ဥတစ်လုံး ၁၀၀ ၊
    ဒီကိုဂျင်တစ်ကဒ် ၄၀၀ ၊
    Maskတစ်ဗူး ၁၀၀၀ ၊
    အောက်စီဂျင်ဗူး နှစ်သိန်း (ဝယ်စရာတောင်မလို)
    အောက်စီဂျင် အခမဲ့ ၊
    ဒေါ်လာစျေး ၁၃၅၀ ၊
    ဓာတ်ဆီတစ်လီတာ ၃၀၀ ၊ ဆီတစ်ထောင်ဖိုးထည့်ပြီး
    ဖျင်ပူအောင်စီး

    ဆေးရုံတက် အခမဲ့ ၊
    ကာကွယ်ဆေး အခမဲ့ ၊
    ပညာသင်စရိတ် အခမဲ့ ၊
    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ၊
    မြွေဆိပ်ဖြေဆေး အခမဲ့ ၊
    အသက်မွေးပညာအတက်သင်ကျောင်း အခမဲ့+ လစဉ်ထောက်ပံ့ကြေး ၊
    မူးယစ်ဆေးဝါးအတွက်သတင်းပေးရင် ဂုဏ်ပြုငွေနဲ့ အခွန် free ၊

    ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးက ၂၀၀၀၀
    ၂နှစ်အောက်ကလေးထောက်ပံ့ကြေး ၂၀၀၀၀
    သက်ကြီးထောက်ပံ့ကြေး ၃၀၀၀၀
    မသန်စွမ်းထောက်ပံ့ကြေး ၂၀၀၀၀
    ကိုဗစ်ကာလထောက်ပံ့ကြေး ၃၀၀၀၀

    မိုးစပါးချေးငွေ ရှယ်..
    ကိုဗစ်ကာလအပိုဆောင်းချေးငွေ ရှယ်..
    အရစ်ကျသွင်း ဝန်ထမ်းချေးငွေ ရှယ်..
    ကာကွယ်ရေးအသုံးစရိတ် ရှယ်package ( အာဆီယံမှာ အမြင့်ဆုံး)

    PUBG ပစ်ရင်းစီးလို့ရတဲ့ လေအိတ်ရထားရှယ်..
    စောင်ခြုံစီးရတဲ့YBSက ၂၀၀..

    ဝန်ထမ်းအိမ်ရာတိုက်ခန်း အပျံစား..
    ပင်စင်ယူပြီးရင် အိမ်ယာအဆင်သင့်..
    နေစရာမရှိတဲ့ကျူးဆိုရင် အိမ်အဆင်သင့်..

    Wave Moneyတစ်သိန်းလွှဲ ၁၅၀၀ ၊
    Wave Moneyထုတ် free..
    ဘဏ်အပ်ငွေ စိတ်ကြိုက်သွင်း စိတ်ကြိုက်ထုတ် Percentageမရှိ..
    ဘယ်ဝန်ထမ်းကိုမှ ဖားယားနေစရာမလို..

    ဆန္ဒပြ (ဘယ်သူမှလာမနှောင့်ယှက်အောင်ရဲအစောင့်အရှောက်နဲ့) free ၊
    ဝါသနာကြီးရင် ကြိုက်ရာတက်ပြော free.. (အခြောက်တိုက် အခြေအမြစ်မရှိ ဆဲဆိုရမ်းကားတာကလွဲလို့)

    ဆဲဆိုရမ်းကားဦးမလား ၆၆ ဃက ၆လပဲရှိ..
    တစ်ပါတ်ကို အသား၄ရက်နဲ့ ထောင်ထမင်း ထောင်ဟင်းကလည်း အပျံစား..
    ထောင်ဝင်စာ အကန့်အသတ်မရှိ..

    ညစျေးတန်းကိုအေးအေးဆေးဆေးလျှောက်လည်ပြီး ကြိုက်ရာသူငယ်ချင်း အမျိုးအိမ်ဝင်အိပ်
    ဧည့်စာရင်း free. .
    ဘယ်ဌာနဆိုင်ရာဝန်ထမ်းကိုမှလည်း ဖားယားကြောက်ရွံ့နေစရာမလို..
    ငွေညှစ် လူညှစ်ရင် အချိန်မရွေးတိုင်လို့ရတဲ့ သမ္မတရုံး + အတိုင်ပင်ခံရုံးဖုံးက ၁၂လုံး..

    ဒါမှမကျေနပ်သေးရင် မကျေနပ်တာကိုရင်ဖွင့်ပြီး အဝဆဲလို့ရတဲ့ သမ္မတရုံးpageကတစ်ခု..
    အတိုင်ပင်ခံရုံးPageတစ်ခု..
    ပါစင်နယ်အကောင့်နှစ်ခု..
    မကျေနပ်တာတွေ အခက်အခဲတွေကိုတိုင်ကြားလို့ရတဲ့ သမ္မတရုံးဖုံးက ၆လုံး ၊
    အတိုင်ပင်ခံရုံးဖုံးက ၆လုံး ၊
    ရဲ ဌာနဆိုင်ရာကငွေညှစ်ရင် တိုင်ဖို့
    အဂတိကော်မရှင်ဖုံးက ၆လုံး ၊
    ရောက်လာပါ့မလားမပူနဲ့ တိုင်တာနဲ့တန်းဆင်းလာတာ

    အခုတော့ ဘေးအိမ်ကအရက်သမားနဲ့ရန်ဖြစ်ပြီး ရဲကငွေညှစ်တာခံရ လမ်းသွားရင်းဆိုင်ကယ်အလုခံရရင်တောင် ဘယ်သူ့ကိုအဖေခေါ်အားကိုးရမှန်းသိဖို့နေနေသာသာကျန်းမာရေးဝန်ကြီးဌာန Page အောက်မှာတောင် ကောမန့် မန့်ခွင့် မရှိတော့ဘူးမဟုတ်လားဂေါင်းကြီးတို့..

    ချိုရဲ့လား လူဆိုရင်တော့ လူလိုတွေးကြသိကြမှာပါ

    # crd

  11. သံတမံရေးအရ
    နိူင်တယ်ဆိုပေမဲ့
    ပြည်တွင်းမှာတော့
    နေ့စဥ်ဒုက္ခမျိုးစုံနဲ့ပါ
    အမြန်ဆုံးတိုက်သင့်
    နေပါပြီ

  12. မြန်မာစကားအသုံးအနှုန်းက အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ “အကြမ်းဖက်မှူ ပိုသုံးလာရ” လို့ သုံးခြင်းဟာ “အခြေအနေအရ မလွှဲမရှောင်သာလို့ လုပ်ရတဲ့သဘောကို ညွှန်းဆိုပြီး အဲ့ဒီလိုလုပ်တာကို သဘောတူနေတဲ့ သဘော” သက်ရောက်သွားစေတဲ့အတွက် မသုံးသင့်ပါ။ “အကြမ်းဖက်မှူတွေ ပိုတိုးလုပ်ဆောင်နေတယ်” ဆိုရင် ဆိုလိုချင်တဲ့သဘော ပိုသက်ရောက်စေပါတယ်။ ရာထူးကြီးယူထားတဲ့အခါ စကားအသုံးအနှုန်းကို ဂရုပြုဖို့ လိုပါလိမ့်မယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.