ရှမ်းပြည်နဲ့ ကယားပြည်နယ်စပ်က တိုက်ပွဲပိုမိုပြင်းထန်လာပြီး အကြမ်းဖက်စစ်တပ်ဘက်က အရာရှိအပါအဝင် ၂၅ ဦးထက်မနည်းသေ
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၂
ရှမ်း-ကယားနယ်စပ်မှာ ဒီကနေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ခဲ့တဲ့ ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ) တိုက်ပွဲ မှာ ဒီးမော့ဆို PDF ရဲဘော် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ တာမှာ အထိနာ တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းခဲ့သလို သံချပ်ကာ အမြှောက်ကား ၂ စီးနဲ့ ပစ်ကူတာ၊ ညနေပိုင်းမှာ လေယာဉ် ၂စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစစ်ကောင်စီတပ်ဟာ ဒီမနက်ပိုင်းကလည်း ဝှါရီဆူးပလိုင်ကျေးရွာရှိ ပြည်သူလူထုတွေရဲ့ နေအိမ် အမြောက်အများကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီးမော့ဆို PDFက ထုတ်ပြန်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်