ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်မှာဖြစ်နေတဲ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တင့်ကားနှစ်စီး ပျက်ဆီး၊ စစ်သား ၄၀ သေ၊ စနိုက်ဘာ ၉ လက်ရရှိခဲ့

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်မှာဖြစ်နေတဲ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တင့်ကားနှစ်စီး ပျက်ဆီး၊ စစ်သား ၄၀ သေ၊ စနိုက်ဘာ ၉ လက်ရရှိခဲ့
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၂

ရှမ်း-ကယားနယ်စပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိအပါ အဝင် ၄၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး တင့်ကားနှစ်စီးပျက်ဆီးပြီး စနိုက်ဘာ ၉ လက်ရရှိတယ်လို့ တိုက်ပွဲထဲက သတင်းရင်း မြစ်တွေကပြောပါတယ်။

“တိုက်နေတုံးပဲ။ မနေ့ကနတာ့ ကိုယ့်ဘက်က၂၀ လက်နက်ကြီးကြောင့်ကျတယ်။ စုပြီးမနေကြပါနဲ့ဆိုတာမရဘူး။ သူတို့ဘက်ကတင့်ကား၂စီးနဲ့စစ်က္းတချို့ပျက်စီးတယ်။ လူလဲ ၂၀လောက်ပဲကျန်တယ်။ လေယာဥ်ပြစ်ကူခေါ်ရ တယ်။ ဒီနေ့တော့သူတို့ဘက်က ၄၀ကျော်ကျတယ်။ ကွျန်တော်တို့စနိုက်ပါတွေပဲတင်၉ယောက်ဒီနေ့ရတယ်။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်း-ကယားနယ်စပ်မှာဖေဖော်ဝါရီ ၁၈ ရက်ကတိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်(PDF)က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ခဲ့တဲ့ ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ) တိုက်ပွဲ မှာ ဒီးမော့ဆို PDF ရဲဘော် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နဲ့ အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ တာမှာ အထိနာ တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းခဲ့သလို သံချပ်ကာ အမြှောက်ကား ၂ စီးနဲ့ ပစ်ကူတာ၊ ညနေပိုင်းမှာ လေယာဉ် ၂စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစစ်ကောင်စီတပ်ဟာ ဒီမနက်ပိုင်းကလည်း ဝှါရီဆူးပလိုင်ကျေးရွာရှိ ပြည်သူလူထုတွေရဲ့ နေအိမ် အမြောက်အများကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီးမော့ဆို PDFက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – မနေ့က PDF လွိုင်ကော်ထုတ်ပြန်ထားသော ပုံများ
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.