ရဲနဲ့ ထွေအုပ် အပါအဝင် NON-CDM ဝန်ထမ်းတွေ စစ်ကောင်စီ လက်အောက်က အမြန်ဆုံးထွက်ခွာဖို့ ဖယ်ခုံ PDF ထပ်မံသတိပေး
ဇူလိုင် ၁၁ ၊ ၂၀၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ ရဲ၊ ထွေအုပ်အ ပါအဝင် NON-CDM ဝန်ထမ်းတွေ အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေအမြန်ဆုံးထွက်ခွာဖို့ထပ်မံ သတိပေးလိုက်ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။
ရဲနဲ့ ထွေအုပ် အပါအဝင် NON-CDM ဝန်ထမ်းတွေ ဟာ စစ်ကောင်စီကို သစ္စာခံပြီးပြည်သူ အပေါ် သစ္စာစောင့်သိမှုမရှိလို့ ဇူလိုင် ၁၀ရက် နေ့လည်ပိုင်းက ဖယ်ခုံ မြို့မ ရဲစခန်းနဲ့ ထွေအုပ်ရိပ်သာ တို့ကို RPG နဲ့ ၇၉ မမ လက်နက် အသုံးပြုပြီး သတိ ပေး ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ဝန်ထမ်းအများစုဟာ ဖယ်ခုံမြို့မှာ အခြေချနေထိုင်သူတွေနဲ့ဒေသခံများ ဖြစ်တာကြောင့် ဒေသလူထု အကျိုးရှေးရှုဖို့နဲ့ စစ်ကောင်စီယန္တရားလည်ပတ်မှု ကို အထောက်အကူမပြုဖို့ ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်မှအမြန်ဆုံးထွက်ခွာကြဖို့ လည်း ထပ်မံ သတိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။