ရေပြာ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုဝင်ရောက်တိုက်ခိုက်၊ စခန်းမှူးအပါအဝင် ၅ ယောက်သေ
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၂
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကို မနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က ရေစကြိုမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ၅ ယောက်သေတယ်လို့ People Defense Force Yesagyoက သတင်းထုတ်ပြန်ပါတယ်။
ရေပြာရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင် မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ပေါက်မြို့နယ်ပြည်သူကာကွယ် ရေး တပ် ဖွဲ့ မဟာမိတ် ၃ ခုနဲ့ ပ.က.ဖ တွေပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲက ၄၅ မိနစ်ကြာမြင့်ခဲ့သလို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော် ( ၂) ဦးထိခိုက် ဒဏ်ရာ ရှိခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို People Defense Force Yesagyoက ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။